ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှိနေစဉ် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့စုဝေးပွဲအချို့၌ အကြမ်းဖက်မှုဖြစ်

Image not available
အစ္စတန်ဘူ     မတ်     ၉
 
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှုများ ရှိနေခြင်း ‌ကြောင့်    အာရှတိုက်တွင်   ကျင်းပမည့်    အခမ်းအနား အများအပြားကို ဖျက်သိမ်းထားခဲ့သော်လည်း မတ် ၈ ရက် တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့  အထိမ်းအမှတ်  လူထုစုဝေးပွဲများကို  ကမ္ဘာတစ်ဝန်း ကျင်းပခဲ့သည်။  အာရှနှင့်ဥရောပဒေသတွင်    ကျင်းပခဲ့သည့်  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့    အခမ်းအနားအချို့ တွင်      အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီသတင်း၌ ဖော်ပြသည်။
 
ပါကစ္စတန်နှင့် ကာဇက်စတန်နိုင်ငံတို့တွင် ကျင်းပ သည့်  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့  လူထုစုဝေးပွဲ အခမ်းအနားများနှင့်  တူရကီနိုင်ငံတို့တွင်       ချီတက် လမ်းလျှောက်သည့် အမျိုးသမီးများအား ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။
 
ပြင်သစ်နိုင်ငံ  ပါရီမြို့တွင်လည်း စုဝေးနေသည့် အမျိုး သမီးများအား ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်တိုက်ခိုက်ခဲ့ ခြင်းအပေါ် နိုင်ငံရေးသမားအချို့က  ပြစ်တင်ပြောကြားခဲ့ သည်။
 
တူရကီအစိုးရအာဏာပိုင်များက အမျိုးသမီးများနေ့ အတွက်    လှုပ်ရှားချီတက်မှုများပြုလုပ်ခြင်းကို   ဒုတိယ မြောက်နှစ်အဖြစ်      တားမြစ်ချက်ထုတ်ပြန်ပြီးနောက် အစ္စတန်ဘူမြို့လယ်ဒေသ၌ လမ်းလျှောက်ချီတက်နေသည့် အမျိုးသမီးများအား ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ခတ်ရပ်တန့်စေခဲ့သည်။
 
ကာဇက်စတန်နိုင်ငံ၌ မြို့တော်ဘစ်ရှ်ကက်တွင် လူထု စုဝေးမှုတစ်စုအား  မျက်နှာဖုံးစွပ်လူတစ်စုက  ဝင်ရောက် တိုက်ခိုက်ပြီး ဆန္ဒပြသမားများကိုင်ဆောင်ထားသည့် လက်ကိုင်ပိုစတာများကို  ဆုတ်ဖြဲခဲ့သည်။ ကာဇက်စတန် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသမား ဒါဇင်များစွာအား ဖမ်းဆီး ခဲ့ကြသည်။
 
ဆန္ဒပြသမားများအား ထိန်းသိမ်းခဲ့ခြင်းမှာ ၎င်းတို့၏လုံခြုံစိတ်ချရေးအတွက်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောကြား ခဲ့သည်။     
 
ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန်-ဇော်ဝင်း