တရားမဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်     မတ်     ၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာတွင်  ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဖေဖော်ဝါရီ  ၂၄ ရက်တွင် လားရှိုးမြို့နယ်     အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့ Oriental High Way Tollgate မှ ခုနစ်မိုင် လေးဖာလုံခန့်နေရာ မြို့ရှောင်လမ်းမပေါ်၌ မူဆယ် မြို့မှ မန္တလေးမြို့သို့  မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်တင်သွင်းခွင့် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Hand Bag အိတ် ၃၀ အပါအဝင် ကုန်ပစ္စည်း  ၁၆ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၆၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso Express   အမျိုးအစား   မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်      ၁၅၀၀၀၀၀၀)    ကို လည်းကောင်း၊  ဖေဖော်ဝါရီ ၂၈ ရက်တွင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်   စက်မှုနယ်မြေ  စက်မှုလမ်း တွင်   ရပ်တန့်ထားသော မော်တော်ယာဉ်နှစ်စီးနှင့် ဂိုဒေါင်တစ်လုံးအား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့စုံဖြင့်   ဝင်ရောက်စစ်ဆေးခဲ့ရာ  တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ဆိုင်ကယ် ၃၁ စီး၊ မော်တော်ဆိုင်ကယ် Frame များနှင့် အပိုပစ္စည်း များ   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၁၃၀၀၀၀)  နှင့် Toyota Wish အမျိုးအစား  မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၉၀၀၀၀၀၀)  ကို လည်းကောင်း၊ မူဆယ်မြို့  ဆင်ဖြူစစ်ဆေးရေးဂိတ်၌ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော မော်တော်ယာဉ် များအား  မူဆယ်ခရိုင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က    ရှောင်တခင်သွားရောက် စစ်ဆေးခဲ့စဉ်      ဆင်ဖြူစစ်ဆေးရေးဂိတ်အကျော်  လမ်းဘေးတစ်နေရာတွင် စုပုံထားသော အကောက် ခွန်မဲ့ HANDLE STEERING BAR MCSP  ၁၅ ခု အပါ  အဝင် ကုန်ပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၄၉၂၂၈၄၅)ကို လည်းကောင်း၊ ကျိုင်းတုံမြို့အဝင် Tollgate   အနီး၌   ကျိုင်းတုံမြို့နယ်   တရားမဝင် ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့  မောင်းနှင်လာသော  မော်တော် ယာဉ်နှစ်စီးပေါ်မှ      တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အချိုမှုန့်  ကီလိုဂရမ် ၂၀၀၊ သွားတိုက်ဆေး ကီလိုဂရမ် ၁၈၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၄၅၀၀၀)ကို  လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇၉၅၇၈၄၅ ကို ဖမ်းဆီး ရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ    အကောက်ခွန်ဦးစီးဌာန၏   စီမံ ခန့်ခွဲမှုဖြင့်   တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    ဖေဖော်ဝါရီ   ၂၇  ရက်တွင်     ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်းကုန်)၌       ကုန်စည်များအတွင်းမှ   သွင်းကုန်လိုင်စင်ခွင့်ပြုချက်ထက်    ပိုမိုတင်သွင်း လာသော RUTF Peanut Paste  ၁၅၅၈ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၇၂၃၉၀၃)ကို  လည်း ကောင်း၊ ဖေဖော်ဝါရီ  ၂၈ ရက်တွင်   မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ       စစ်ဆေးရေးစခန်း၌  ကုန်သေတ္တာနှစ်လုံးအတွင်းမှ  သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာ သော   Castable   Cement  ကီလိုဂရမ်   ၂၅၀၀  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၂၅၀၀၀)နှင့် သွင်းကုန် လိုင်စင်တင်ပြနိုင်ခြင်း   မရှိသည့်  King  Flower Creamer   ကီလိုဂရမ်  ၂၅၀၀၀   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၂၅၀၀၀၀)ကို လည်းကောင်း  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၈၅၉၈၉၀၃ ကို ဖမ်းဆီး ရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဖေဖော်ဝါရီ ၂၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌  တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့   ထွက်ခွာလာသော  မော်တော်ယာဉ် နှစ်စီးပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် ယောကျ်ားစီးဖိနပ်  အရန် ၂၅၀၊ Lady Long Pant  အထည်  ၈၀၀   အပါ အဝင်   ကုန်ပစ္စည်းလေးမျိုး    (ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၄၁၆၀၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင် လာသော YUTONG Express တစ်စီးနှင့် SUNLONG Express     တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၅၀၀၀၀၀၀)  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၄၁၆၀၀၀  ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး      အထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့်   မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ စစ်ဆေးရေးအဖွဲ့က   မော်လမြိုင်မြို့   မန္တလေး ရပ်ကွက် ဟင်္သာရုပ်တုအဝိုင်းအနီး၌ မော်တော်ယာဉ် တစ်စီးအား    စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ  အကောက်ခွန်မဲ့  ပေါင်းသား/ကြိတ်သား  (အံဆွဲဗီရို)အဟောင်းတစ်လုံးအပါအဝင် ကုန်ပစ္စည်း  ၁၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၂၅၀၀၀)နှင့်  အဆိုပါ ပစ္စည်းများ တင်ဆောင်သော Mitsubishi Canter အမျိုးအစား မော်တော်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)   စုစုပေါင်း   ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၉၂၅၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ယင်းအပြင်      ကရင်ပြည်နယ်     တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏    စီမံ ခန့်ခွဲမှုဖြင့် မြဝတီကုန်သွယ်ရေးဇုန်၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ   မော်တော်ယာဉ် တစ်စီးပေါ်မှ     သွင်းကုန်ကြေညာလွှာ(ID)နှင့် သွင်းကုန်လိုင်စင်(IL)တို့တွင်  ကြေညာထားသည် ထက် ပိုမိုတင်ဆောင်လာသော Lucky Air-Cooler  ၂၅ လုံး  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၂၂၅၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူပင်      ရခိုင်ပြည်နယ်    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု  ဖြင့်  အကောက်ခွန်ဦးစီးဌာနမှ   ဝန်ထမ်းများအပါ အဝင်   ဆတ်ရိုးကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ      စစ်တွေမြို့နယ်    ကျေးပင်ကြီး  ရပ်ကွက် ရန်ပြေမာန်ပြေဘုရားရှေ့ ကုလားတန်မြစ် ရေလယ်တွင်ရပ်တန့်ထားသော ရေယာဉ်တစ်စင်းပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံထွက် အာလူး ကီလိုဂရမ်     ၃၇၅၀၀    (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၅၀၀၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင် သော   တန်ချိန်    ၄၇ ဒသမ ၀၃ တန်ရှိ    သစ်သား ရေယာဉ်တစ်စင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍  ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၇ ရက်နှင့်  ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၆ မှု   (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၉၇၁၂၂၇၄၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်