
မော်လမြိုင် မတ် ၂
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် လှိုင်ရပ်ကွက် အေးသာယာ(၂)လမ်းတွင် မတ်လ ၁ ရက်နေ့မွန်းလွဲ ၁ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားရာ အဘိုးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းယာဉ် နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီး၊ ရွှေမြိုင်သီရိ နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ မော်လမြိုင်မြို့နယ် နယ်မြေမီးသတ်စခန်း မှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ် ယာဉ်တစ်စီး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး ရေသယ်ယာဉ် တစ်စီး၊ မြိုင်သာယာနယ်မြေ မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရာမညလူမှုကယ်ဆယ်ရေးမှ ရေသယ်ယာဉ် တစ်စီး၊ အေးမြကြည်လင် လူမှုကယ်ဆယ် မှ ရေသယ်ယာဉ်တစ်စီး၊ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးမှ ရေသယ်ယာဉ် တစ်စီး၊ ရွှေတောင်လူမှုကယ်ဆယ်ရေးမှ ရေသယ်ယာဉ်တစ်စီး၊ ပရဟိတအသင်း လေးသင်းနှင့် မြို့နယ်/ ရပ်ကွက်အုပ်ချုပ် ရေးမှူး အဖွဲ့များက စုပေါင်း မီးငြှိမ်းသတ် ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်ရှိ အမှတ် (၂၁၆/B)(အလျား၁၀xအနံ၂၀)၊ အမှတ် (၃၂/A) (အလျား ၁၀x အနံ၂၀) အမှတ် (၃၂/B)(အလျား၁၀xအနံ၂၀)၊ အမှတ် (၃၃/A)(အလျား၁၀ xအနံ၂၀)ရှိ မီးဖိုဆောင် တွင် လျှပ်စစ်ဒယ်နီးဟင်းအိုး တည်ထား ရာမှ အပူလွန်ကဲပြီးပေါက်ထွက်ရာမှ ကာရံထားသောဝါးထရံသို့ မီးကူးစက် လောင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လေဖြတ်ထားသူ ဦးချစ်ရွှေ (အသက် ၈၀) နှင့် အာကာလင်း (အသက် လေးနှစ်)တို့ သေဆုံးခဲ့ကြောင်း ဖြစ်စဉ်နှင့်ပတ်သက် ပြီး တာဝန်ရှိသူ ဒေါ်မိုးသူဇာအား မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)