(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာမှBoxing အားကစားနည်း၀င်ရောက်ယှဉ်ပြိုင်မည် 

 

ရန်ကုန်   မတ်    ၂ 
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်၂၀၂၃ ခုနှစ်  မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပ  မည့်     (၃၂) ကြိမ်မြောက်     အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့  မြန်မာနိုင်ငံမှ Boxing      အားကစားနည်း    ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ  လက်ဝှေ့အဖွဲ့ချုပ်မှသိရသည်။
ပူးတွဲလေ့ကျင့်မှုပြုလုပ်
“ကျွန်တော်တို့    ဆီးဂိမ်းအတွက်      အောင်မြင်မှုရရှိရန် တရုတ်နိုင်ငံမှာ ကစား သမားများ  သုံးလတာ     ပူးတွဲလေ့ကျင့်မှု    ပြုလုပ်ပြီး  ပြန်‌ရောက်ရှိကြပါပြီ။  နည်း စနစ်ပိုင်းများကို အများဆုံးလေ့ကျင့်ခဲ့ကြ ပါတယ်။  ဆီးဂိမ်းမှာ   အဓိကယှဉ်ပြိုင်ရမှာ   ကစားသမားအများဆုံး      ဝင်‌ရောက် ယှဉ်ပြိုင်တဲ့ ထိုင်း၊ ဗီယက်နမ်၊   ဖိလစ်ပိုင်နဲ့   အိမ်ရှင် က‌မ္ဘောဒီးယားနိုင်ငံတို့       ဖြစ်ပါ တယ်။ ဒါ‌ကြောင့်  မြန်မာနည်းပြများနဲ့‌  နေပြည်‌တော်ဂိုလ်ကန့်‌မှာ‌   နေ့စဉ်တစ်‌နေ့ နှစ်ကြိမ်   အပြင်းအထန်‌    လေ့ကျင့်ပြင်ဆင်‌ နေကြပါတယ်။    ဆုတံဆိပ်ရရှိ‌အောင်   မျှော်မှန်ထားပါတယ”ဟု အတွင်းရေးမှူး ဦးကိုကိုအောင် က ပြောသည်။
 ဝင်ရောက် ယှဉ်ပြိုင်မည်
(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် အမျိုးသား တွင်   ၅၁၊  ၅၄၊  ၅၇၊  ၆၀၊  ၆၃.၅၊ ၆၇၊ ၈၁  ကီလိုတန်း၊ အမျိုးသမီးတွင် ၅၄၊ ၅၇၊ ၆၃ ကီလိုတန်းစုစု‌ပေါင်း ၁၀ တန်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
(၃၁) ကြိမ်မြောက်        ဆီးဂိမ်းတွင် မြန်မာ  Boxing  အားကစားသမားများ  သည် ငွေတစ်ခု၊ ကြေးသုံးခု  ဆွတ်ခူးရရှိခဲ့ သည်။   (၃၂) ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ   အားကစားနည်း   ၂၀  ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း  သိရသည်။                         အာကာစိုး