ASEAN Senior Amateur Golf Associations အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ရွေးချယ်ခံရ

 

ရန်ကုန်   မတ်   ၃


ဖေဖော်ဝါရီ  ၂၇ ရက်မှ မတ် ၁ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပသော 37th ASEAN Senior Amateur Golf Championship 2023 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာ စီနီယာအပျော်တမ်း  ဂေါက်သီးရိုက်အားကစားအဖွဲ့ (Myanmar Senior Amateur) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ASEAN Senior Amateur Golf Associations အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

 


မြန်မာစီနီယာအပျော်တမ်း ဂေါက်သီးရိုက်အားကစားအဖွဲ့ (Myanmar Senior Amateur Golfer’s Associations) သည်  ယင်းပြိုင်ပွဲကို  အာဆီယံ Senior Amateur ဂေါက်သီးရိုက်အားကစားအဖွဲ့၏ ဖိတ်ကြားမှုဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်ASEAN Senior Amateur Golf Associations အဖွဲ့ဝင်ဖြစ်လာရန် ကြိုးပမ်းခဲ့ရာ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ဖေဖော်ဝါရီ   ၂၈ရက်တွင်  ကန့်ကွက်မဲမရှိဘဲ အဖွဲ့ဝင်နိုင်ငံအဖြစ်  သဘောတူ   လက်ခံခဲ့ရာ  ခုနစ်နိုင်ငံမြောက်  အဖွဲ့ဝင်နိုင်ငံဖြစ်လာ ခဲ့သည်။ 

 


အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်း


ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံတို့မှာလည်း ASEAN Senior Amateur Golf Associations အဖွဲ့ဝင်ဖြစ်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

 


မြန်မာစီနီယာအပျော်တမ်း ဂေါက်သီးရိုက်အားကစားအဖွဲ့ (Myanmar Senior Amateur Golfer’s Associations)ဆပ်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးလှမြင့်ရွှေ ( မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်)၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းအောင်၊ ဦးကျော်ဝင်း၊ ဦးစိုးလှိုင်၊ ဦးမိုးဆန်းအောင်နှင့် ဦးကျော်စိန်လင်း၊ အတွင်းရေးမှူးအဖြစ် ဦးဝင်းမြင့်ချင်း ( မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်)၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါက်တာမြင့်ဦး ( မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး) တို့ ပါဝင်ကြသည်။    

                                                  
  ကိုညီလေး