တိုက်စစ်အကောင်းဆုံး မန်စီးတီးနဲ့ ခံစစ်အကောင်းဆုံး ကာဆယ်တို့ အားပြိုင်မှုက ဘယ်လိုဖြစ်လာမလဲ

 

ယခုသီတင်းပတ်မှာ ပရီမီယာလိဂ် ပွဲစဉ် (၂၆) ကို ဆက်လက်ယှဉ်ပြိုင်ကစားသွား မှာ ဖြစ်ပါတယ်။ မန်စီးတီးက နယူးကာဆယ်၊ နာမည်ကြီး လီဗာပူးက ခြေစွမ်းထက် နေတဲ့ မန်ယူစတဲ့ အသင်းကြီးအချင်းချင်း တွေ့ဆုံနေတဲ့ပွဲစဉ်တွေ  ပါဝင်နေသလို တန်းဆင်းဇုန်အတွင်း  လွတ်မြောက်ရေး  မဖြစ်မနေနိုင်ပွဲရရှိဖို့  လိုအပ်နေတဲ့ ဆောက်သမ်တန်က နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ထားတဲ့ လက်စတာအသင်းနဲ့ ဆုံတွေ့နေတာကြောင့် စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 
မန်စီးတီးနဲ့ နယူးကာဆယ်
နောက်ဆုံးလေးပွဲမှာ သရေ နှစ်ပွဲနဲ့ ရှုံးပွဲနှစ်ပွဲကြုံတွေ့ထားတဲ့ နယူးကာဆယ် အနေနဲ့ ဦးဆောင်သူ အာဆင်နယ်ကို ထပ်ကြပ်မကွာဖိအားပေးဖို့ ကြိုးစားလာ မယ့် မန်စီးတီးအသင်းကို ခြေကုန်ထုတ်လာမှာပါ။ လက်ရှိ ပရီမီယာလိဂ်မှာ မန်စီးတီး အသင်းက  ရဂိုး  ၆၄  ဂိုးနဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်ရှိနေပြီး ပြိုင်ဘက် နယူးကာဆယ်အသင်းက    ပေးဂိုး   ၁၅  ဂိုးနဲ့   ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါကြောင့် တိုက်စစ်အကောင်းဆုံးအသင်းနဲ့ ခံစစ်အကောင်း ဆုံးအသင်းတွေ့ဆုံမှုမှာ ဘယ်အသင်းက အသာရသွားမလဲ စောင့်ကြည့်ရမှာ ဖြစ် ပါတယ်။ 
ဆောက်သမ်တန်နဲ့ လက်စတာ
နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ ရှုံးနိမ့်ထားတဲ့ ဆောက်သမ်တန်က လက်ရှိ တန်းဆင်းဇုန်အောက်ဆုံးမှာ ရပ်တည်နေတာကြောင့် လက်စတာကို မဖြစ်မနေ နိုင်ပွဲရရှိဖို့ လိုအပ်နေတယ်။ ထိုနည်းတူ လက်စတာကလည်း နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ထားတာကြောင့် နိုင်ပွဲရရှိရေး အသေအချာပြင်ဆင်လာမှာပါ။ ပြီးခဲ့တဲ့ ပွဲစဉ် မှာ  ဆောက်သမ်တန်ရော  လက်စတာအသင်းပါ  ပြိုင်ဘက်ကို  ရှုံးနိမ့်ပြီး အက်ဖ်အေ ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် ယခုပွဲမှာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်သော်ငြား လက်စတာအသင်းထက် ဆောက်သမ်တန်အသင်း ရဲ့ ရုန်းအားကို ကြည့်ရမယ်။ 
လီဗာပူးနဲ့ မန်ယူ
နှစ်သင်းကြား  ထိပ်တိုက်တွေ့ဆုံမှု   နောက်ဆုံးအကြိမ်မှာ   အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိပြီး မန်ယူက နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရရှိထားတယ်။ မန်ယူက ကာရာဘောင်ဖလားကို ပူပူနွေးနွေးဆွတ်ခူးရရှိထားသလို အက်ဖ်အေ ဖလားပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်တက်ရောက်ထားနိုင်တယ်။ ယူရိုပါလိဂ် မှာလည်း နောက်တစ်ဆင့်တက်လှမ်းထားနိုင်တာကြောင့် မန်ယူအသင်းကစား သမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ နိုင်လိုစိတ်ပြင်းထန်မှုက လီဗာပူးအသင်း ကစားသမားတွေထက် သာလွန်နေတာ တွေ့ရတယ်။ မန်ယူက အဝေးကွင်း ရလဒ် မကောင်းတတ်ပေမယ့် ခက်ခက်ခဲခဲကစားရပြီး လီဗာပူးကို အနိုင်ရဖွယ်ရှိတယ်။ 

 

အောင်ဇော်