
ပီအက်စ်ဂျီအသင်းမှ အားထားရသည့် နေမာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ကို ဒဏ်ရာကြောင့် လွဲချော်တော့မည်ဖြစ်ကြောင်း သိရသည်။
ဘရာဇီးတိုက်စစ်ကစားသမားသည် ဖေဖော် ဝါရီ ၁၉ ရက်တွင် ပီအက်စ်ဂျီက လိုင်လီကို လေးဂိုး - သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်၌ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ အသင်းနည်းပြဖြစ်သူ ဂါလ်တီယာက လာမည့်ပွဲစဉ်နှစ်ပွဲကို နေမာ ပါဝင် ကစားနိုင်မည် မဟုတ်ကြောင်း သောကြာနေ့က ပြောသည်။
ထို့ကြောင့် ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ကစားမည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ပွဲစဉ်ကို အမ်ဘာပေနှင့် မက်ဆီက ပီအက်စ်ဂျီအသင်း၏ တိုက်စစ်ကို ဦး ဆောင်လာဖွယ်ရှိသည်။ ပီအက်စ်ဂျီအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့တွင် တစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့် ထားသည့်အတွက် ယခုဒုတိယအကျော့တွင် မဖြစ်မနေပြတ်သားသော ရလဒ်ဖြင့် အနိုင်ရရှိမှ သာ နောက်တစ်ဆင့် တက်လှမ်းနိုင်မည်ဖြစ် သည်။
ထို့အပြင် ပီအက်စ်ဂျီအသင်းသည် နေမာအပြင် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်ဇ်နှင့် ခံစစ်ကစားသမား ကင်ဘမ်းပီတို့ကိုလည်း ဒဏ်ရာ ကြောင့် လွဲချော်ဖွယ်ရှိနေသည်။