
နေပြည်တော် မတ် ၈
မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားသို့ ဘုရားဖူး သွားရောက်ဖူးမြော် ကြည်ညိုပြီး ပြန်လည်ထွက်ခွာ လာသည့် ဘုရားဖူးယာဉ်အား မတ် ၇ ရက်တွင် PDF အမည်ခံ အကြမ်းဖက် သမားများက လက်လုပ်အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်သည့်အတွက် အသက်(၆)နှစ်အရွယ် ကလေး ငယ်တစ်ဦး အပါအဝင် ဘုရားဖူး ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသ ကြီး တောင်သာမြို့ အမှတ်(၅)ရပ်ကွက်မှ ဒေါ်ငြိမ်းသန္တာသင်း အပါအဝင် ဘုရားဖူးပြည်သူ ကိုးဦး တို့သည် ပုသိမ်ကြီးမြို့နယ်ရွှေစာရံ ဘုရားသို့ Toyota Passo အမျိုး အစား မော်တော်ယာဉ်ဖြင့် ဘုရား ဖူး သွားရောက်ဖူးမြော်ကြည်ညို ပြီး ပြန်လည်ထွက်ခွာစဉ် မတ် ၇ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြင်းခြံမြို့နယ် နွားထိုးကြီး- မြင်းခြံ သွားကားလမ်း ညောင်ပင်သာ ကျေးရွာ၏ အရှေ့ဘက်မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား များက လမ်း၏ ယာဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်လုပ်အဝေး ထိန်းမိုင်း တစ်လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ် ပေါ်တွင် လိုက်ပါလာသည့်ဒေါ်ငြိမ်း သန္တာသင်း၊ ဦးသန်းထိုက်မျိုးနှင့် အသက်(၆)နှစ်အရွယ်ရှိ မောင်ရွှေ ဘုန်းသစ်တို့သည် မိုင်းစထိမှန် ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာ များဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဦးရှိုင်းယုလတ်နှင့် ဒေါ်ရီမွန်ကိုတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးခဲ့ပြီး မြင်းခြံခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ ဖမ်းဆီး ရမိရေးနှင့် ထိရောက်စွာ အရေး ယူနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
NUG ၊ CRPH အမည်ခံအကြမ်း ဖက်အဖွဲ့များအနေဖြင့် နိုင်ငံအနှံ့ အပြားရှိ ဘုရားကျောင်းကန်များ၊ အပန်းဖြေစခန်းများတွင် အများ ပြည်သူများ စည်ကားသိုက်မြိုက် စွာဖြင့် အေးချမ်းပျော်ရွှင်စွာ ဘုရားဖူးခြင်း၊ အပန်းဖြေအနားယူ နေခြင်းတို့အပေါ် မရှုဆိတ်သော အောက်တန်းကျသည့် စိတ်ဓာတ် ဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ယခုဖြစ်စဉ်သည်လည်း ၎င်းတို့၏ ခိုင်းစေချက်အရ PDF အမည်ခံ အကြမ်းဖက်သမား အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူ၍ ပြန်လာစဉ် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင် မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ် ပြီး ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများ အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင် ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့ အပေါ် ထိရောက်စွာ အရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင် ရွက်မှု (Counter - terrorism Action) ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အများပြည်သူများ အနေဖြင့် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား ရန် အသိပေး သတင်းထုတ်ပြန် ထားကြောင်း သိရသည်။
သတင်းစဉ်