ဘုန်းမောက်ကို ဖိအားပေးထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် တစ်ဂိုး-ဂိုးမရှိဖြင့် လီဗာပူး ရှုံးနိမ့်

 

ပရီမီယာလိဂ်ပွဲစဉ် (၂၇) မှ ဘုန်းမောက်နှင့် လီဗာပူးအသင်းတို့ ပွဲစဉ်တွင် ဘုန်းမောက်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်ကို မတ် ၁၁ ရက် ည ၇ နာရီက ဘုန်းမောက်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ပွဲကြည့်ပရိသတ် ၁၀၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ 


ပြီးခဲ့သည့်ပွဲစဉ်တွင် မန်ယူအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သော ကလော့ပ် ၏ လီဗာပူးအသင်းသည် ယခုပွဲစဉ်တွင် ဂယ်ရီအိုနေးလ်၏ ဘုန်းမောက် အသင်းကို   ပွဲချိန်အများစု   ဖိအားပေးထိန်းချုပ်  ကစားနိုင်ခဲ့သော်လည်း အသင်းကစားသမားများ အဆုံးသတ်ပိုင်း လိုအပ်ချက်များရှိနေသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ ဘုန်းမောက်အသင်းသည် လီဗာပူးအသင်းဘက်သို့ ပွဲချိန်တစ်လျှောက် ဂိုးကန်သွင်းမှုပေါင်း ငါးကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး နှစ်ကြိမ် ဂိုးပေါက်တည့်ကာ တစ်ကြိမ်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ 


ပြိုင်ဘက်လီဗာပူးအသင်းက ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ခြောက်ကြိမ် ဂိုးပေါက်တည့်မတ်ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲ နိုင်ခြင်း မရှိခဲ့ချေ။ ဘုန်းမောက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို ပွဲချိန် ၂၈ မိနစ်တွင် ဘီလင်းက သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၇၀ တွင်  လီဗာပူးအသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း  အသင်း အဓိက ကစားသမား ဆာလာ အဆုံးသတ်ကန်သွင်းရာ လွဲချော်ခဲ့သည်။    


အောင်ဇော်