ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုဖြင့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စတင် ဖွဲ့စည်းခဲ့သည်မှစ၍ ပြန်လည်ရေတွက်လျှင် မြန်မာ့တပ်မတော်၏ သက်တမ်းမှာ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပြီဖြစ်သည်။ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းမှုတွင် သန္ဓေတည် ပေါက်ဖွားလာခဲ့သည့် မြန်မာ့တပ်မတော်သည် နိုင်ငံလွတ်လပ်ရေး ရပြီးနောက် ခေတ်အဆက်ဆက်တွင် လွတ်လပ်ရေး ထိန်းသိမ်း စောင့်ရှောက်မှုအတွက် ပြည်တွင်းပြည်ပ ရန်အသွယ်သွယ်တို့ကို လည်း ကာကွယ်ခဲ့ရသည်။ မျက်မှောက်ကာလတွင် တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်အရ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်၍ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် ထမ်းရွက်လျက်ရှိသည်။
“တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်အရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ပြီး တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ တပ်မတော်သား များသည် ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ မိမိ တို့နိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှ ယနေ့အချိန်အထိ တပ်မတော် က နိုင်ငံတော်ကို လွတ်လပ်ရေးရရှိအောင်နှင့် တည်ငြိမ်အေးချမ်း အောင် ဆောင်ရွက်ခဲ့ရသဖြင့် နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကို ခွဲခြား၍မရကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသော အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍသည် နိုင်ငံတော်က ပေးအပ်ထားသော နိုင်ငံရေး အမွေပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား ၁၀-၄-၂၀၂၁ ရက်နေ့က တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံ အဖြစ် လျှောက်လှမ်းနေပြီဖြစ်သည့် ခေတ်အခါတွင် တပ်မတော် သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဆက်လက်ထိန်းသိမ်းကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခြေခံမူ များနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်မသွားရေး အတွက် ပြည်သူလူထုနှင့်အတူ တပ်မတော်က ကာကွယ်ထိန်းသိမ်း ပေးလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှုနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များက မြန်မာ့ဒီမိုကရေစီစနစ်တွင် မရိုးဖြောင့်မှု၊ ဥပဒေမဲ့ပြုမူမှုနှင့် အင်အားအသုံးပြု ထင်ရာစိုင်း သည့် အလေ့များကို အစပျိုးပေးသည့်သဖွယ် ဖြစ်ခဲ့သည်။ ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့် မိမိတို့နိုင်ငံတွင် နိုင်ငံကို ဦးဆောင်ဦးရွက် ပြုကြရမည့်သူများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို စံနမူနာပြ လိုက်နာကြရန်လိုအပ်ပြီး နိုင်ငံတော် နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်ကန်စွာ နှင့် အရည်အချင်းပြည့်ဝစွာ ထမ်းဆောင်နိုင်ကြရန်လည်း လိုအပ် သည်။ ဥပဒေချိုးဖောက်မှု၊ တရားမဲ့ပြုကျင့်မှုတို့ကြောင့် ဒီမိုကရေစီလမ်းလွဲသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ် ထားသည့် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှနေ၍ တပ်မတော်က နိုင်ငံတော်၏အာဏာကို ဝင်ရောက်ထိန်းသိမ်းကာ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်မှ သွေဖည်မသွားစေ ရေးအတွက် တည့်မတ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်ဆင်နွှဲခဲ့သည့် သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးကြီးသည် ယခုနှစ်တွင် (၇၈) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ တပ်မတော်နေ့ သည် မြန်မာ့တပ်မတော်နှင့် ပြည်သူလူထု ပူးပေါင်းလက်တွဲမှု၊ ဖက်ဆစ်စနစ်ဆိုးနှင့် ပြည်ပရန်ကို အသက်သွေးချွေးတို့ ရင်းနှီး ပေးဆပ်၍ အတူတကွ တွန်းလှန်ခဲ့မှုတို့ကို အစဉ်ထာဝရ သတိ တရရှိနေစေမည့် သမိုင်းမော်ကွန်းမှတ်တိုင်ကြီးအဖြစ် ဂုဏ်ပြု ကြရန်ဖြစ်ပြီး မျက်မှောက်ကာလ နိုင်ငံ့အရေးတို့တွင်လည်း ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းပြည်ပအန္တရာယ်တို့ကိုလည်း အတူတကွ ကာကွယ်ကြ ရမည် ဖြစ်ပါကြောင်း။ ။