
ရန်ကုန် မတ် ၁၇
၂၀၂၄ ပါရီအိုလံပစ်ခြေစစ်ပွဲ အကြိုပြင်ဆင်မှု အဖြစ် တရုတ်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် မတ် ၁၇ ရက်က ကမ္ဘောဒီးယားလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင် ကစားရာ လေးဂိုးပြတ် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် မတ် ၁၅ ရက်ကတည်းက တရုတ်နိုင်ငံ၌ လေ့ကျင့်နေပြီး ပထမဆုံးခြေစမ်းပွဲအဖြစ် ကမ္ဘော ဒီးယား လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစား ရာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း၊ အိအိကျော်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ အေးအေးမိုး၊ ပုံပုံပြည့် မောင်၊ ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ ရွှေရည်ထွန်း၊ ရူပါခိုင်၊ မြတ်နိုးခင်တို့ ပါဝင် ကစားခဲ့သည်။မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် အနိုင်ဂိုးများကို ၂၄ မိနစ်တွင် ရူပါခင်၊ ၃၅ မိနစ်နှင့် ၆၇ မိနစ်တို့တွင် ခင်မာလာထွန်း၊ ပွဲချိန် ၄၃ မိနစ်တွင် ရွှေရည် ထွန်းတို့က သွင်းယူပေးခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် မတ် ၁၉ ရက်တွင် Sichuan FC အသင်း၊ မတ် ၂၂ ရက်တွင် Changchun FC အသင်းတို့ နှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF