ပြည်ဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် မိုင်ယာမီအိုးပင်းပြိုင်ပွဲ ဂျိုကိုဗစ် လွဲချော်မည်

 

ကမ္ဘာ့နံပါတ်တစ်  တင်းနစ်ကစားသမား   နိုဗက်   ဒီဂျိုကိုဗစ်သည် အမေရိကန်နိုင်ငံသို့    ပြည်ဝင်ခွင့်   ငြင်းပယ်ခံရပြီးနောက်  လာမည့် သီတင်းပတ်တွင်ကျင်းပမည့်   မိုင်ယာမီအိုးပင်းပြိုင်ပွဲကို   ယှဉ်ပြိုင် နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။  

 


ဂရင်းဆလမ်းချန်ပီယံဆု ၂၂ ကြိမ်ရ  ဂျိုကိုဗစ်သည် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံမှုမရှိသောကြောင့်  အမေရိကန်နိုင်ငံသို့  အထူးခွင့်ပြုချက်ဖြင့်   ဝင်ခွင့်ရရှိရန်    တောင်းဆိုထားခြင်းဖြစ်သည်။ အမေရိကန်သို့  လာမည့်သူများသည်  ကာကွယ်ဆေးထိုးနှံမှုလိုအပ် ကြောင်း သိရသည်။

လင်းလက်ကြယ် - စုစည်းသည်