
ရန်ကုန် မတ် ၂၁
Jenesys U-17 Women's Football Memorial Cup ပြိုင်ပွဲ နောက်ဆုံးနေ့ကို မတ် ၂၁ ရက်က ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိပြီး အဆင့် ၅ နေရာရရှိခဲ့သည်။
မြန်မာအသင်းသည် အဆင့် ၅ နေရာ လုပွဲအဖြစ် ဂျပန်ကလပ် အိုကီနာဝါ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၁၀ ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် ခြေအသာဖြင့် ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် ရှစ်ဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု ဒုတိယနေရာသာရခဲ့သဖြင့် ဆီမီး ဖိုင်နယ်နှင့်လွဲချော်ခဲ့ပြီး အခြားအဆင့် သတ်မှတ်ချက် ပွဲစဉ်များသာ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ပြိုင်ပွဲ အပြီးတွင် အိမ်ရှင်ဂျပန် ယူ - ၁၇ အသင်းက ပထမ၊ ဗီယက်နမ် အသင်းက ဒုတိယ၊ ထိုင်းအသင်း က တတိယ၊ စင်ကာပူအသင်းက စတုတ္ထ၊ မြန်မာအသင်းက အဆင့် ၅၊ အိုကီနာဝါ (ဂျပန်) က အဆင့် ၆၊ ကမ္ဘောဒီးယားအသင်းက အဆင့် ၇၊ လာအိုအသင်းက အဆင့် ၈၊ မလေးရှားအသင်းက အဆင့် ၉၊ ဖိလစ်ပိုင်အသင်းက အဆင့် ၁၀၊ အင်ဒိုနီးရှားအသင်းက အဆင့် ၁၁၊ တီမောအသင်းက အဆင့် ၁၂ နေရာရရှိခဲ့သည်။
Jenesys U-17 Women's Football Memorial Cup ပြိုင်ပွဲ ကို မတ် ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး အသင်းစုစုပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။
ဝင်ရောက်ယှဉ်ပြိုင်
ယင်းပြိုင်ပွဲတွင် အရှေ့ တောင်အာရှနိုင်ငံ ၁၁ နိုင်ငံအနက် ဘရူနိုင်းမှလွဲ၍ ကျန် ၁၀ သင်း၊ အိမ်ရှင် ဂျပန်နိုင်ငံမှ ဂျပန် ယူ-၁၇ လက်ရွေးစင်အသင်းနှင့် ဂျပန် ကလပ်အသင်း စုစုပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF