
ရန်ကုန် မတ် ၈
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်နှင့် မလေးရှား နိုင်ငံ Academy of Medicine တို့အကြား နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ မတ်လအတွင်း ပြုလုပ်ခဲ့သည့် ‘‘မေးရိုးခွဲစိတ်၍ သွားညှိ ကုသသည့်ပညာ(Orthognathic Surgery)’’ စာတွေ့၊ လက်တွေ့ သင်တန်းရှစ်ခု ပြီးမြောက်အောင်မြင်သည့် အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ် သဟဇာတခန်းမ၌ကျင်းပရာ အောင်မြင်ပြီးမြောက်ခဲ့သည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးတို့မှ ဆရာ ဆရာမ ၂၄ ဦးတို့အား တာဝန်ရှိသူများက အသိအမှတ် ပြုလက်မှတ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်