
ရန်ကုန် မတ် ၃၀
အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပ မည့် ၂၀၂၃-၂၀၂၄ ရာသီ AFC Cup ပြိုင်ပွဲ တွင် မြန်မာကလပ်အသင်းများ ယှဉ်ပြိုင် ခွင့်ရထားပြီး ရှမ်းယူနိုက်တက်အသင်းက အုပ်စုအဆင့်၊ ရန်ကုန်ယူနိုက်တက်အသင်း က ခြေစစ်ပွဲ Play-off အဆင့်မှ စတင် ကစားရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ် ချက်အရ မြန်မာကလပ်အသင်းများသည် ယခုရာသီမှစတင်ကာ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ယှဉ်ပြိုင်ခွင့်မရတော့ဘဲ AFC Cup ပြိုင်ပွဲတစ်ခုတည်းတွင်သာ ယှဉ်ပြိုင်ခွင့် ရတော့မည်ဖြစ်သည်။
ထို့ကြောင့် လိဂ်ချန်ပီယံအသင်းက အုပ်စု အဆင့်၊ လိဂ်ပြိုင်l သို့မဟုတ် ရှုံးထွက်ပြိုင်ပွဲ ချန်ပီယံအသင်းမှာ ခြေစစ်ပွဲ Play-off အဆင့်မှ ကစားရမည်ဖြစ်ရာ ၂၀၂၂ ရာသီတွင် ရှုံးထွက်ပြိုင်ပွဲ ကျင်းပနိုင်ခြင်းမရှိ သဖြင့် MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အုပ်စု အဆင့်၊ ဒုတိယဆုရ ရန်ကုန်အသင်းက ခြေစစ်ပွဲ Play-off အဆင့်မှ ကစားရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် လာမည့်ရာသီမှ စတင်ကာ အာရှကလပ်ပြိုင်ပွဲကျင်းပသည့်ကာလကို အပြောင်းအလဲ ပြုလုပ်ထားပြီး AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲကို ဩဂုတ်လ၊ အုပ်စုပွဲစဉ်များကို စက်တင်ဘာမှ ဒီဇင်ဘာအထိ ပြုလုပ်မည်ဖြစ်ကာ ကျန်အဆင့်ပွဲစဉ်များ ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလအတွင်း ကျင်းပမည်ဖြစ်သည်။
လာမည့်ရာသီ ယှဉ်ပြိုင်ခွင့်ရသည့်အသင်းများအနက် ရှမ်းယူနိုက် တက်အသင်းက လေးကြိမ်၊ ရန်ကုန်အသင်းက ရှစ်ကြိမ်မြောက် ယှဉ်ပြိုင် ခွင့်ရခြင်းဖြစ်ပြီး မြန်မာကလပ်များသည် ၂၀၂၁ နှင့် ၂၀၂၂ ရာသီတို့တွင် ယှဉ်ပြိုင်ခြင်းမရှိဘဲ ၂၀၂၃-၂၀၂၄ ရာသီမှ ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNLပွဲ ဒုတိယဆုရအသင်း