PDF အမည်ခံ အကြမ်းဖက်သမားများက ကန့်ဘလူမြို့နယ် ပေါက်ကုန်းကျေးရွာအတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့အရပ်သားပြည်သူ ကိုးဦးသေဆုံးပြီး နေအိမ်အလုံး ၇၀ နှင့် နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီး

 

နေပြည်တော်   ဧပြီ   ၁ 


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပေါက်ကုန်းကျေးရွာအတွင်း သို့ မတ် ၃၀ ရက် ည ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား များက ကျေးရွာ၏အနောက်တောင်ဘက်မှဝင်ရောက်၍ သေနတ်များ ဖြင့် ပစ်ခတ်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာနေ အပြစ်မဲ့ အရပ်သားပြည်သူ ကိုးဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ကြောင်းနှင့် နေအိမ်  အလုံး ၇၀ နှင့်  နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 


အထက်ပါဖြစ်စဉ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာအတွင်းသို့ ဝင်ရောက်၍ အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း စဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                                                                      

 

သတင်းစဉ်