
ရန်ကုန် ဧပြီ ၁
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်း သည် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။
ခြေစမ်းပွဲကစားမည်
မြန်မာ ယူ-၂၂ အသင်းသည် မတ်လနောက်ဆုံးပတ်မှ စတင် ကာ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ထားပြီး ပဏာမကစား သမား ၃၀ ကျော်ဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်အွန်ဘိုင်နာက ကိုင်တွယ် နေပြီး ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်လကျော်ရရှိမည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း သည် ဧပြီလအတွင်း ဆီးဂိမ်းပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် နိုင်ငံတကာခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားသွားမည်ဖြစ် သည်။ နည်းပြဖိုက်အွန်ဘိုင်နာ သည် လက်ရွေးစင်နှင့် ယူ-၂၂ အသင်းကို ပူးတွဲတာဝန်ယူခြင်း ဖြစ်ပြီး လာမည့်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်းနှင့် ပထမ ဆုံးယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲလည်းဖြစ်သည်။
ဟိန်းထက်အောင် ပါဝင်လာ
မြန်မာ ယူ-၂၂ အသင်းတွင် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင် ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမား အနည်းငယ်သာ ပြန်လည်ပါဝင် လာပြီး ကစားသမားသစ်အများစု ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပြည်တွင်း ကလပ်များတွင် ကစားနေသူ အများစုဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်ပြီး ပြည်ပကလပ် တွင် ကစားနေသူများအနက် အသက်မီသူ တောင်ပံတိုက်စစ် ကစားသမား ဟိန်းထက်အောင် တစ်ဦးတည်းသာ ပါဝင်လာသည်။
ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲအဖြစ် ဆက်လက်ကျင်းပမည်ဖြစ်သော် လည်း ယခုနှစ်တွင် အသက်ကျော် ကစားသမားများ ထည့်သွင်း အသုံးပြုခွင့်ပေးမည် မဟုတ် ကြောင်း သိရသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF