
ရန်ကုန် ဧပြီ ၆
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ် မြောက် ဆီးဂိမ်းဘော်လီဘောပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘော်လီ ဘောအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဧပြီ ၅ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့ပြီး ဆီးဂိမ်းဘော်လီ ဘော အားကစားနည်းတွင် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲ နှစ်ခုစလုံးပါဝင်မည်ဖြစ်ကာ မြန်မာအသင်း သည် ပြိုင်ပွဲနှစ်ခုစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုး သားဘော်လီဘော ပြိုင်ပွဲတွင် ခုနစ်သင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ရှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ဆီးဂိမ်းဘော်လီ ဘောပြိုင်ပွဲကို ဧပြီ ၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်သည်။ မြန်မာဘော်လီဘော အမျိုးသားအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ပုံမှန်အတိုင်း ယှဉ်ပြိုင်မည်ဖြစ်သော် လည်း အမျိုးသမီးအသင်းမှာမူ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲ နောက်ပိုင်း တစ်ကျော့ပြန် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အမျိုးသားပြိုင်ပွဲအုပ်စု(က)တွင် လက်ရှိချန်ပီယံ အင်ဒိုနီးရှား၊ အိမ်ရှင်ကမ္ဘောဒီးယား၊ စင်ကာပူ၊ အုပ်စု (ခ) တွင် ဗီယက် နမ်၊ ထိုင်း၊ မလေးရှား နှင့် မြန်မာ၊ အမျိုးသမီးပြိုင်ပွဲ အုပ်စု (က) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ အုပ်စု (ခ) တွင် ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။
မြန်မာဘော်လီဘောအသင်းများသည် ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြည်တွင်းနည်းပြအဖြစ် လေ့ကျင့် ပြင်ဆင်လျက်ရှိပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့သည်။
ရဲရင့်လွင်