
နေပြည်တော် ဧပြီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ် မြို့နယ်၌ ဘိန်းဖြူချက်လုပ်သည့်စခန်း ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
စုံစမ်းဖော်ထုတ်
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီ တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းတွမ်း တောင် ပေါ်ကျေးရွာအုပ်စု နမ့်ခမ်း (၁)အပေါ်ကျေးရွာ၏ အနောက် ဘက် လေးမိုင်ခန့်အကွာရှိ လျှို အတွင်းတွင် မူးယစ်ဆေးဝါး ချက်လုပ်နေကြောင်း သတင်းအရ ရှာဖွေရာ ၎င်းလျှိုအတွင်းရှိ မိုးကာ တဲလေးလုံးအတွင်း၌ ဘိန်းဖျော် ရည်လီတာ ၆၀၊ ထိန်းချုပ်ဓာတု ပစ္စည်း အီသိုင်းအီသာလီတာ ၈၀ နှင့် အခြားဓာတုပစ္စည်းများ ဖြစ်သည့် Benzene လီတာ ၆၀၊ ဆိုဒီယမ်ကာဗွန်နိတ် ၃ ကီလို၊ ဆိုဒီယမ်နိုက်ထရိတ် ၄ ကီလို၊ ပိုတက်ဆီယမ် ၁၅ ကီလိုနှင့် ဘိန်းဖြူချက်လုပ်ရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်