စစ်ကိုင်းမြို့နယ်အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ရေကစားနေသည့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကလေးသူငယ်များ သေဆုံးထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်   ဧပြီ   ၁၄
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်  ကြွယ်ပုံကျေးရွာ အခြေခံ ပညာ အလယ်တန်းကျောင်းရှေ့၌ ကျေးရွာသူ ကျေးရွာသားများနှင့် ကလေးသူငယ်များ     ရေကစား နေစဉ် PDF အမည်ခံ  အကြမ်းဖက် သမားများက       Drop  Bomb  များဖြင့်     ယုတ်မာရက်စက်စွာ   ပစ်ချတိုက်ခိုက်ခဲ့ကြောင်း     သိရှိ ရသည်။
 ထိခိုက်ဒဏ်ရာရရှိ
ဖြစ်စဉ်မှာ မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော်      အကြိုနေ့ အခါသမယဖြစ်သည့် ဧပြီ ၁၃ ရက် တွင်   စစ်ကိုင်းမြို့နယ်   ကြွယ်ပုံ ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းရှေ့၌   ကလေးငယ်များ အပါအဝင်  ကျေးရွာသူ  ကျေးရွာ သားများ ရေကစားနေစဉ်   ညနေ ၅ နာရီ မိနစ်  ၄၀  ခန့်တွင်   PDF အမည်ခံ အကြမ်းဖက်သမားများ က   Drone   ဖြင့်    Drop Bomb လေးလုံး လာရောက်ပစ်ချ  တိုက် ခိုက်ခဲ့သဖြင့်  ကလေးငယ်  ငါးဦး အပါအဝင်     ရှစ်ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ကျေးရွာသူ  ကျေးရွာသား ၃၁ ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အရေးယူနိုင်ရေးဆောင်ရွက်
အထက်ပါဖြစ်စဉ်မှ ထိခိုက် ဒဏ်ရာရရှိသူများအား   လုံခြုံရေး တပ်ဖွဲ့ဝင်များက    စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့   ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့  ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ  ရေကစားနေ သည့်နေရာအား   ရည်ရွယ်ချက် ရှိရှိဖြင့်    Drop  Bomb   များ  ပစ်ချတိုက်ခိုက်ခြင်းသည်    ဂျီနီဗာ ကွန်ဗင်းရှင်းနှင့်    အပြည်ပြည် ဆိုင်ရာ ဥပဒေတို့အရ  စစ်ရာဇဝတ် မှု(War Crime)ကို  ကျူးလွန်ခြင်း ဖြစ်ပြီး   အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့်      အကြမ်းဖက် သမားများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီး၍       ဥပဒေနှင့်အညီ အပြစ်ပေး     အရေးယူနိုင်ရေး ဆက်လက်   ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်