
နေပြည်တော် ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ ဧပြီ ၁၈ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က မင်းတုန်းမြို့နယ် ကံကုန်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၁၈၁ မိုင် ၁ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည်။
သတင်းအရ မင်းတုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကြံခင်းမြို့နယ်၊ စပါးအို(န)ကျေးရွာနေ အောင်ဇော်လတ်(၂၃)နှစ် မောင်းနှင်ပြီး ခရီးသည် အမျိုးသမီး ၁၆ ဦး လိုက်ပါလာသော 9R/---- Pick up ယာဉ်သည် ပဒါန်းဘက်မှ မင်းတုန်းဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းရှိ ကျွန်းပင်ကို ဝင်ရောက်တိုက်မိတိမ်းမှောက်သွားခဲ့သဖြင့် အောင်ဇော် လတ်နှင့် မင်းလှမြို့နယ် ကွေ့ကျောကျေးရွာနေ မခင်လေးနွယ်(၂၉)နှစ်ပါ အမျိုးသမီး ၁၆ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အောင်ဇော်လတ်အား မင်းတုန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား