ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံး

 

နေပြည်တော်    ဧပြီ    ၂၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၌  PDF အမည်ခံ     အကြမ်းဖက်သမားများက     အပြစ်မဲ့ အရပ်သားပြည်သူများ      စီးနင်းလိုက်ပါလာသည့်  ခရီးသွားမော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ    အကြောင်းမဲ့      ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၉ ရက် နံနက် ၉ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး       ထားဝယ်မြို့နယ် ကျောက်မဲတောင်ကျေးရွာနေ  ဒေါ်ခင်ပြုံးမြင့် (၆၅)   နှစ်နှင့်  ၎င်း၏မြေး ဖြစ်သူ  မသဲနုရွှေစင် (၁၅)  နှစ် တို့သည်  တောင်သုံးလုံးကျေးရွာနေ ကိုထွန်းမောင် (၃၉) နှစ်  မောင်းနှင်သည့် Honda Fit အမျိုးအစား    မော်တော်ယာဉ်ဖြင့် ထားဝယ်မြို့မှ ကျောက်မဲတောင် ကျေးရွာသို့ ပြန်လာစဉ် သရက်ငုတ်ကျေးရွာအနီးသို့    အရောက်၌    PDF    အမည်ခံ အကြမ်းဖက်သမားများက     လက်နက်ငယ်များဖြင့်     ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မသဲနုရွှေစင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်။
ထိုသို့   အပြစ်မဲ့အရပ်သားပြည်သူများ   စီးနင်း လိုက်ပါလာသည့်      ခရီးသွားမော်တော်ယာဉ်အား  ဆင်ခြင်တုံတရားမဲ့စွာ    ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား      ဖမ်းဆီးအရေးယူ နိုင်ရေးနှင့်    နယ်မြေဒေသ  တည်ငြိမ်အေးချမ်းရေး အတွက်    လုံခြုံရေးတပ်ဖွဲ့ဝင်များက   လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။        သတင်းစဉ်