ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၆ ဦး တွေ့ရှိ

 

ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၄)ရာခိုင်နှုန်းရှိ

(၂၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
 

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၁-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၆၁၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၄၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၄) ရာခိုင်နှုန်းရှိပါသည်။ ယနေ့တွေ့ရှိသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၄၆) ဦး အနက် (၁၉) ဦး၊ (၄၁.၃) ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိ ခြင်းဖြစ်ပြီး (၂၇) ဦး၊ (၅၈.၇) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုအခြေအနေ
(၂၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု    လူနာသစ်
(ဦးရေ)    ရာခိုင်နှုန်း
ပြည်ပမှဝင်ရောက်လာသူများ     (၁၉) ဦး    (၄၁.၃) %
ပြည်တွင်းတွင်ကူးစက်ဖြစ်ပွားသူများ     (၂၇) ဦး    (၅၈.၇) %
စုစုပေါင်း    (၄၆) ဦး    (၁၀၀) %

သို့ဖြစ်ပါ၍  ယနေ့အထိ  ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၂၈၆,၂၀၃) ခုအား  စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၃၀၄) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၀) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၆၇၈) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၀) ဦး ရှိပါသည်။
သုတေသနတွေ့ရှိချက်များအရ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံထားသူများတွင်  ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမို လျှော့ချ နိုင်ကြောင်းကို တွေ့ရှိရပါသည်။
ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းအား လိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့် -
    l     အသက် (၅) နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံခြင်းနှင့်  ကာကွယ် ဆေးထိုးနှံပြီး  (၆) လပြည့်ပြီးပါက  ထပ်ဆောင်းကာကွယ်ဆေးများ  ထိုးနှံခြင်းတို့ကို  နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊
    l     အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊
    l     အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက်ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊ 
    l     လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
    l     လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊
    l     တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
    l     ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။                      ကျန်းမာရေးဝန်ကြီးဌာန