အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်  မြန်မာ့လှေလှော်အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်    ဧပြီ   ၂၆ 


မေ  ၅  ရက်မှ  ၁၇  ရက်အထိ  ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လှေလှော်အားကစားအဖွဲ့သည်   ပြိုင်ပွဲတွင် အောင်မြင်မှု   ရရှိစေရန်အတွက်     ပြိုင်ပွဲမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံလက်ရွေးစင်အသင်းနှင့် ပူးတွဲ လေ့ကျင့်မှုပြုလုပ်နိုင်ရန်   ယနေ့   မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ သွားပြီဖြစ်သည်။  အဆိုပါအဖွဲ့အား အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင် ဆွေ၊  တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်း ထိုက်မင်းနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

 


မြန်မာ့လှေလှော်  အားကစား အဖွဲ့၌အုပ်ချုပ်/နည်းပြ  ငါးဦး၊ အမျိုးသားအားကစားသမား ၂၅ ဦး၊ အမျိုးသမီးအားကစားသမား  ငါးဦး စုစုပေါင်း ၃၅ ဦးတို့ လိုက်ပါ သွားသည်။        

 

အားကာမောင်