ဝေဒနာရှင်ပြည်သူများ၏ ရင်တွင်းမှ ငိုရှိုက်သံများကို ကြားသိနိုင်ကြပါစေ . . .

Type

လေးလေးနွယ်
 

ကိုဗစ်- ၁၉ ကပ်ရောဂါဘေးကြီး၏ဒဏ်ကို ကမ္ဘာ့နိုင်ငံများအပါအဝင် မြန်မာပြည်သူများ  ပြင်းထန်စွာ  ခံစားခဲ့ရသည်။ ကိုဗစ်- ၁၉ ပိုးတွေ့လူနာနှစ်ဦးကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်တွေ့ရှိခဲ့ပြီး ပထမလှိုင်းကို အတော်ထိန်းနိုင်ခဲ့သော်လည်း ဩဂုတ်လတွင် တစ်ကျော့ပြန်ခဲ့သည့် ဒုတိယလှိုင်းသည် မြန်မာနိုင်ငံအတွက် ခက်ခဲကြမ်းတမ်းခဲ့သည်။

 

ပိုးတွေ့လူနာအရေအတွက်  နေ့စဉ်များပြား ခဲ့ကာ ဆေးရုံများသာမက တိုးချဲ့ကုသဆောင်များ၊ ကိုဗစ်စင်တာများကိုလည်း  ဖွင့်လှစ်ထားရှိ ကုသခဲ့ရ သည်။ ပိုးတွေ့လူနာများကို ပြုစုစောင့်ရှောက်ရသော ကျန်းမာရေးဝန်ထမ်းအရေအတွက်သည်  ပိုးတွေ့ လူနာအရေအတွက်နှင့်   နှိုင်းစာလျှင်  ဝန်နှင့်အား  မျှတခြင်းမရှိ။ 
ထို့ပြင် မြန်မာနိုင်ငံကဲ့သို့  ဆင်းရဲချို့တဲ့သော၊ အတတ်ပညာ၊  အသိပညာတို့တွင်   ခေတ်နှင့်အမီ လိုက်နိုင်ရေး ကြိုးစားနေရသော    နိုင်ငံအတွက် ထိုရောဂါဘေးဆိုးကြီးကို     တိုက်ထုတ်နိုင်ရန် ကျန်းမာရေးဝန်ထမ်းများသည်    ရုန်းကန်ခဲ့ကြရ သည်။    သွေးရည်ကြည်ကုထုံးများ၊   ဆေးဝါး၊ ဓာတ်စာများဖြင့်     လူနာများ၏     အသက်ကို ကယ်ဆယ်ကုသခဲ့ကြသည်။
မကြောက်မရွံ့ကိုယ်ကျိုးစွန့်ခဲ့သူများ
ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါသည် အလွန်ပင် ကူးစက်မြန်သဖြင့်     ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများသည်  မိသားစုများနှင့် ခွဲခွာနေထိုင်ကာ    ပင်ပန်းဆင်းရဲသည့်    ဒဏ်ကို ခါးစည်းခံရင်း  မကြောက်မရွံ့    ကိုယ်ကျိုးစွန့်၍ ရောဂါပိုးနှင့်အနီးကပ် တိုက်ပွဲဝင်ခဲ့ကြသည်။ 
ရှေ့တန်းတိုက်စစ်မှူးများ      ဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများ ခြေကုန်လက်ပန်းကျပါ က ကျန်းမာရေးစနစ်တစ်ခုလုံး ပြိုလဲသွားနိုင်သဖြင့် စိတ်ဓာတ်ခွန်အားဖြစ်စေရန်  ပြည်သူတစ်ရပ်လုံး ကလည်း   လေးစားဂုဏ်ယူကာ   လက်ခုပ်တီး၍ အားပေးခဲ့ကြသည်။   ကျန်းမာရေးဝန်ထမ်းများ ကလည်း ပြည်သူကပေးသည့် စိတ်ဓာတ်ခွန်အားများ ဖြင့် ကာကွယ်ဆေးရရှိသည့်   ယနေ့တိုင်အောင် ကိုဗစ်- ၁၉ ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ အနိုင်တိုက်နိုင်ခဲ့ကြသည်။
ဆရာဝန်များသည်      ဆေးတက္ကသိုလ်ဘွဲ့နှင်း သဘင်၌ ဟစ်ပိုကရေးတစ်အုတ်သ် (Hippocratic Oath) ဟုခေါ်သည့်    ဆရာဝန်များ    လိုက်နာရန် ကျင့်ဝတ်နှင့် ကျမ်းကျိန်လွှာတွင် ရွတ်ဆိုကတိသစ္စာ ပြုခဲ့သည့်အတိုင်း ကျင့်ဝတ်နှင့်အညီ လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားကာ ပြုစုစောင့်ရှောက်ကုသမှုပေးခဲ့ကြသည်။
အဆင့်မြင့်သည့်    အတတ်ပညာတစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီးသော ဆရာဝန် များသည် လူနာများ၏ အကျိုးစီးပွားကို   မိမိအကျိုး စီးပွားထက်  ပိုမိုအလေးထားပါမည်ဟု လူအများ၏ ရှေ့တွင်   ကတိသစ္စာပြုခဲ့အတိုင်း    ဆေးပညာကို ပရော်ဖက်ရှင်နယ်တစ်ရပ်အဖြစ်   ခံယူကာ ပရော် ဖက်ရှင်နယ်အပေါ် သစ္စာစောင့်သိခဲ့ကြသည်။
ထို့အတူ    သူနာပြုအတတ်သည်    မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ် တရားလေးပါးအပေါ်အခြေခံထား၍ ဝေဒနာရှင်တို့ အား   ကိုယ်ကျိုးမငဲ့ဘဲ   ပြုစုလုပ်ကိုင်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်ရာ   သူနာပြုများသည်လည်း ကိုယ်ချင်းစာတရားဖြင့် လူနာများကို ကြင်နာမှု၊ သည်းခံမှု၊ စေတနာထားမှု၊ ကျင့်ဝတ်နှင့်အညီ ပြုစု စောင့်ရှောက်မှုပေးခဲ့ကြသည်မှာလည်း    အထင် အရှားပင်ဖြစ်သည်။ 
လေးစားဂုဏ်ယူဖွယ်အဖွဲ့အစည်း
အရေးကြုံလာလျှင်   ပြည်သူ့ရှေ့မှ     မားမား မတ်မတ်ရပ်တည်ပေးသည့် ဆရာဝန်၊ ဆရာမများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကျင့်ဝတ် လိုက်နာမှုနှင့်    စွန့်လွှတ်အနစ်နာခံမှု       စိတ်နေ စိတ်ထားတို့မှာ လေးစားဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ 
ထိုသို့  ကိုဗစ်- ၁၉  ဒုတိယလှိုင်းကို တိုက်ပွဲ ဝင်ခဲ့ကြသည့်    ကျန်းမာရေးဝန်ထမ်းများသည် ဖေဖော်ဝါရီ ၂ ရက်မှ စတင်၍ အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil   Disobedience    Movement- CDM) တွင် ပါဝင်လာကြသည်ကို   တွေ့မြင်လာရပါ သည်။
ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ဦးစီးဌာနအသီးသီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း များ၊ အခြားသော အထောက်အကူပြု  ဝန်ထမ်း အသီးသီးတို့အား လတ်တလောအသက်ရှူလမ်း ကြောင်းဆိုင်ရာ  ရောဂါ (COVID -  19) ရောဂါ ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ စွမ်းစွမ်းတမံ      အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို      ဂုဏ်ပြုမှတ်တမ်းတင်ပါ ကြောင်း။
ယခုအချိန်သည် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထု အတွက်  ကာကွယ်ဆေးထိုးနှံရေး   ဆက်လက် လုပ်ဆောင်နေရသည့်အချိန်       ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်နေသော    ပြည်သူလူထုအား   အချိန်နှင့် တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်နိုင်ရန်အတွက်လည်းကောင်း၊   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ      ဦးစီးဌာန အသီးသီးမှ       ဝန်ထမ်းများအနေဖြင့်   လူနာများ၏ အကျိုးကိုရှေးရှု၍ မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်   တာဝန်ထမ်းဆောင်ကြပါရန် မေတ္တာ ရပ်ခံထားသည်။ 
နိုင်ငံတစ်ခုသည် မှန်ကန်သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်တွင် ရှိ/   မရှိ   ဆိုသည်ကို တိုင်းတာနိုင်စွမ်းရှိသည့် အကောင်းဆုံး အညွှန်းကိန်း များတွင်   လူတိုင်းလက်လှမ်းမီ   ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်မှု    ရှိ/  မရှိ အပေါ်တွင်လည်း တည်မှီလျက်ရှိသည်။
ဝေဒနာရှင်များက မျှော်လင့်နေကြပါသည် 
လက်ရှိအခြေအနေတွင်    ဒီမိုကရေစီအစိုးရ ပေါ်ပေါက်သည်အထိ ပြည်သူများနှင့်အတူ ရပ်တည် မည်ဟု CDM ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်း များ၏  သဘောထား၊ ခံယူချက်တို့ကို အပြစ်ပြောဆို လိုခြင်း မဟုတ်ပါ။ 
ငွေကြေးတတ်နိုင်သူများအတွက် ပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်    ကုသနိုင်သော်လည်း အများစုသော ငွေကြေးအခက်အခဲရှိသူ ကျန်းမာရေး ချို့တဲ့နေသော   ပြည်သူများသည်   ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ       ပြန်လည်တာဝန် ထမ်းဆောင်မည့်နေ့ကို        ဝေဒနာများကြားမှ ညှိုးငယ်စွာ မျှော်လင့်နေကြပါသည်။ 
CDM လှုပ်ရှားမှုတွင်     ပါဝင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ၎င်းတို့အပေါ် တလေးတစား     အားကိုးအားထားပြုနေရသော၊ ငွေကြေးအကျပ်အတည်းကြောင့်   ပုဂ္ဂလိကဆေးရုံ ဆေးခန်းများသို့ သွားလာရန် အခက်အခဲရှိနေသူ များကိုလည်း   ငဲ့ကွက်ပေးသင့်ပါသည်။
ပြည်သူလူထုကျန်းမာရေးအတွက်    ပြည်သူ့ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး စောင့်ရှောက် မှုပေးရမည့်လုပ်ငန်းများကို      ပြန်လည်တာဝန် ထမ်းဆောင်ခြင်းသည် ဆရာဝန်များ၏ ကတိသစ္စာ ပြုထားသည့် ဆေးပညာကျင့်ဝတ် (သမားကျင့်ဝတ်)ကို လေးစားလိုက်နာခြင်းဖြစ်သလို တစ်ခါတစ်ရံတွင် ပြဋ္ဌာန်းထားခြင်းမရှိဘဲ နှလုံးသားဖြင့်သာ နားလည် ခံစားနိုင်သည့်    ကျင့်ဝတ်ကို   လေးစားလိုက်နာ ခြင်းသည်လည်း    ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင်သည်ပင်လျှင်      ဆေးဖက်ဝင် အသက်ကယ်နိုင်စွမ်း   ရှိပါသည်။ 
ထို့ကြောင့် ကိုဗစ်တိုက်ပွဲတွင် စေတနာထား အသက်ကယ်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်နှင့် သူနာပြုများသည်   မည်သည့်အစိုးရ နှင့်မျှ မဆိုင်သော၊ မိမိတို့အား   ကယ်တင်ရှင်ပုဂ္ဂိုလ် များဟု တလေးတစား  အားကိုးနေကြသော ဝေဒနာ ရှင်ပြည်သူများ၏ ရင်တွင်းမှ ငိုရှိုက်သံများကိုလည်း ကြားသိနိုင်ကြပါစေဟုသာ။   ။