ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာအသင်း ရှုံးပွဲကြုံတွေ့

 

ရန်ကုန်    မေ   ၆
(၃၂)    ကြိမ်မြောက်   ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို မေ ၆ ရက်က ဆက်လက်ကျင်းပရာ မြန်မာ အသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
မြန်မာအသင်းသည်    မိနစ်   ၇၀ နောက်ပိုင်းပေးလိုက်ရသည့်    ဂိုးများ ကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန်    နောက်ဆုံးပွဲအထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်း သည် နောက်ဆုံးပွဲတွင် မလေးရှားနှင့် ကစားရမည်ဖြစ်သောကြောင့်    ဆီမီး ဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးများ နေသော်လည်း   အနိုင်ရလဒ်အပြင်   ဂိုး များများ   သွင်းယူနိုင်ရန်လည်း   လိုအပ် နေသည်။
မြန်မာအမျိုးသမီး    အသင်းသည် မျိုးမြမြငြိမ်း(ဂိုး)၊  ဖြူဖြူဝင်း၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ မေသက် မွန်မြင့်၊    ခင်မိုမိုထွန်း၊   ခင်မာလာထွန်း၊ ဝင်းသိင်္ဂီထွန်း၊    စန်းသော်သော်၊   ဂျူလိုင် ကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် မြန်မာအသင်း   ကစားပုံတည်မရဖြစ်နေ သဖြင့် ဗီယက်နမ်အသင်း၏ ဖိအားပေး ခြင်းခံခဲ့ရပြီး    ၁၀  မိနစ်တွင်    အသင်း ခေါင်းဆောင်   ဟူယန်နျူက  ဦးဆောင် ဂိုးသွင်းယူခဲ့သည်။     ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှ    မြန်မာအသင်း  ကစားပုံ ပြန်ငြိမ်လာပြီး ၄၂ မိနစ်တွင် ခင်မိုမိုထွန်း က    ခေါင်းတိုက်ပြီး   ချေပဂိုးပြန်သွင်းခဲ့ သည်။   ဒုတိယပိုင်းတွင်   နှစ်သင်းစလုံး အပြန်အလှန်     တိုက်စစ်ဆင်ကစားနိုင် ခဲ့ပြီး     ဂိုးသွင်းခွင့်များရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့်     မြန်မာအသင်း နစ်နာခဲ့ရသည်။  ၇၆ မိနစ်တွင် မြန်မာ ဂိုးသမား ဂိုးဖမ်းပုံမသေသပ်ရာမှတစ်ဆင့် ထရန်နျူက ဗီယက်နမ်အတွက် ဒုတိယဂိုး သွင်းယူခဲ့ပြီး      အနိုင်သေချာစေမည့် တတိယဂိုးကို ၈၉ မိနစ်တွင် ထရန်သွေက သွင်းယူခဲ့သည်။
ယခုပွဲအပြီးတွင်      လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းက နှစ်ပွဲကစား နှစ်ပွဲ နိုင် ခြောက်မှတ်၊ မြန်မာအသင်းက တစ်ပွဲ နိုင်၊    တစ်ပွဲရှုံး   သုံးမှတ်ရရှိထားသည်။ မြန်မာအသင်းသည်   အုပ်စုနောက်ဆုံးပွဲ အဖြစ် မေ ၉ ရက်တွင် မလေးရှားအသင်း နှင့် ကစားရမည်ဖြစ်သည်။        
 ရဲရင့်လွင်