ဆီးဂိမ်း အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းကို မြန်မာအသင်း ရှုံးနိမ့်

 

ရန်ကုန်   မေ   ၆
(၃၂) ကြိမ်မြောက်   ဆီးဂိမ်းအမျိုးသား   ဘော်လီဘောပြိုင်ပွဲ အုပ်စုတတိယနေ့ကို  မေ ၆ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် နာမည်ကြီး ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးပွဲပြတ်အရေးနိမ့်ခဲ့သည်။ ထိုင်းအသင်းသည် လက်ရည်အသာဖြင့်ကစားကာ ပထမပွဲငယ် တွင် ၂၅-၁၈ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၅-၂၁ မှတ်၊ တတိယပွဲငယ် တွင်၂၅-၁၇ မှတ်ဖြင့် သုံးပွဲပြတ်အနိုင်ရခဲ့သည်။ မြန်မာအသင်း သည်  ဗီယက်နမ်၊  ထိုင်း၊  မလေးရှားတို့နှင့်  အုပ်စုကျပ်အတွင်း ကျရောက်ခဲ့ပြီး   သုံးပွဲစလုံး   အရေးနိမ့်ကာ   ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။    မြန်မာအသင်းသည်   ဆီမီးဖိုင်နယ် တက်ရောက်ခြင်းမရှိသော်လည်း အဆင့် ၅/၈ နေရာလုပွဲ ထပ်မံ ကစားရမည်ဖြစ်သည်။    မြန်မာအသင်းသည်    ဆီးဂိမ်းပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။
အခြားအုပ်စုပွဲများတွင်   ဗီယက်နမ်အသင်းက   မလေးရှား အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။
ရဲရင့်လွင်