ချန်ပီယံဖြစ်ရေးအမှားခံလို့မရတဲ့ အာဆင်နယ်ကို ခြေစွမ်းထက်တဲ့ကာဆယ် ကျော်ဖြတ်သွားနိုင်မလား

 

ယခုတစ်ပတ် တနင်္ဂနွေနေ့မှာ  ပရီမီယာလိဂ် ပွဲစဉ်  (၃၅) ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။    မေ ၇  ရက် ည  ၁၀ နာရီမှာ နယူးကာဆယ်နှင့်  အာဆင်နယ် ယှဉ်ပြိုင်မှာပါ။ ခြေစွမ်းထက်မြက်မှုရှိတဲ့    အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်ပေမယ့် အမှတ်ပေးဖလားဆွတ်ခူး ရေး     အမှားခံလို့မရတော့တဲ့    အာဆင်နယ်ကို ကာဆယ်အသင်း     ကျော်ဖြတ်ဖို့ခက်မယ်။  အပြန်အလှန်သွင်းဂိုးတွေ             မြင်တွေ့ရပြီး အာဆင်နယ် အနိုင်ရဖွယ်ရှိတယ်။

 


မေ ၈ ရက် နံနက် ၀၀:၃၀ နာရီမှာ ဝက်စ်ဟမ်း  နှင့်   မန်ယူတွေ့ဆုံနေပြီး တန်းဆင်းဇုန်ဖိအား က     လွတ်မြောက်ဖို့     ကြိုးစားလာမယ့် ဝက်စ်ဟမ်းကို  အဆင့် (၄) အတွင်း ပြတ်သား တဲ့ ရလဒ်နဲ့ ဆက်လက်ရပ်တည်ဖို့  အနိုင်ရရှိ ရေး   ဦးတည်လာမယ့်  မန်ယူအသင်းအနေနဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရဖွယ်ရှိတယ်။

 


မေ ၈ ရက် ည ၈ နာရီခွဲ  ဖူလ်ဟမ်နှင့် လက်စတာပွဲမှာ နိုင်ပွဲရှာတွေ့ဖို့ ကြိုးစားလာ မယ့် ဖူလ်ဟမ်ထက် မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ် နေတဲ့ လက်စတာ အသာရမယ်။

 


ည ၁၁ နာရီမှာ ဘရိုက်တန်နှင့် အဲဗာတန် ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဗာတန်က ဒီပွဲစဉ်ရှုံးရင် တန်းဆင်းရမယ့်အရေးနဲ့    ပိုမိုနီးစပ်သွားမှာ  ဖြစ်တာကြောင့်  ဘရိုက်တန်ကို   အနိုင်ရရှိမှ သာ   ဖိအားအနည်းငယ်   လျှော့ချနိုင်မှာဖြစ် တယ်။  

                         

အောင်ဇော်