ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်နိုင်ကြပါစေ

Type

လင်းလင်း
 

ရုံးဆင်းချိန်အိမ်ပြန်မည့်   နိုင်ငံ့ဝန်ထမ်းတစ်ဦးကို ရုံးပေါက်ဝမှနေ၍ “ကျွန်မတို့  နိုင်ငံရဲ့  အနာဂတ်က အစ်ကိုတို့ လက်ထဲမှာ ရှိပါတယ်။ CDM မှာ ပူးပေါင်း ပေးပါ”     ဆိုပြီး   လက်ကို ဆွဲပါတယ်။ ဝန်ထမ်းက လက်ကိုရုန်းလိုက်တော့  ကားတံခါးနားအထိ   လိုက်သွားပြီး     မြေပြင်ပေါ်မှာ   ထိုင်ချလိုက်ပြီး တောင်းဆို ပါတယ်။   အခြားတစ်ယောက်ကတော့   ညီမတွေ၊ ညီတွေ    မရှိဘူးလား၊   မောင်နှမတွေ  မရှိဘူးလား၊ ကလေးတွေရဲ့  အနာဂတ်ကို ကြည့်ပေးပါလို့ ပြောပါ တယ်။   နောက်တစ်ယောက်ကတော့  ဖုန်းနဲ့ ဗီဒီယိုရိုက် မှတ်တမ်းတင်နေပါတယ်။ 


ဝန်ထမ်းက   “မင်းမရိုက်နဲ့”ဆိုပြီး   ဖုန်းကို ဆွဲဖယ်လိုက်တော့  “ကလေးကို  အကြမ်းမဖက်နဲ့။ ရှင်ပြဿနာတက်သွားမယ်” လို့     ဆိုပါတယ်။ ဝန်ထမ်းက ကားပေါ်တက်သွားတဲ့အချိန်မှာ ကား ရှေ့က   ပိတ်ရပ်လိုက်ကြပြီး   ဒီအတိုင်းထွက်သွား လို့ မရဘူး။     သတ္တိရှိရင်   တိုက်သွားလို့ ဆိုပါတယ်။ အခြားတစ်ယောက်ကတော့  “ကျွန်မတို့ကို  ကူညီ ပေးပါ။ ဒီမှာ  အစ်မကို  အတင်းတွန်းလိုက်တယ်” ဆိုပြီး ပတ်ဝန်းကျင်ကိုလည်း လှမ်းအော်လိုက်တော့ လူတွေ   ရောက်လာကြပါတယ်။  ဝန်ထမ်းလည်း အိမ်မပြန်တော့ဘဲ   ကားပေါ်ကဆင်းပြီး  ရုံးထဲကို ပြန်ဝင်သွားတဲ့အထိ    ရုံးအပြင်ကနေ  ဉာဏ်မရှိဘူး လား၊   ပညာမတတ်ဘူးလားဆိုပြီး  လှမ်းအော်ပြီး ရန်တွေ့ပါတယ်။ 


ဥပဒေ မမြောက်ဘူးလား


ယခု   ဗီဒီယိုဖိုင်ကတော့   ရုံးတက်နေတဲ့  နိုင်ငံ့ ဝန်ထမ်းကို   CDM မှာ   ပါဝင်ဖို့    စည်းရုံးလှုံ့ဆော် နေတာ   ဖြစ်ပါတယ်။  ဝန်ထမ်းတစ်ယောက်ကို နှောင့်ယှက်စော်ကားတာ  ဥပဒေ မမြောက်ဘူးလား ဗျာ၊    ကိုယ့်အလုပ်ကို   လုပ်နေတဲ့   ဝန်ထမ်းကို ကိုယ်ထိလက်ရောက်   စော်ကားတာတော့ ရှုတ်ချ ပါတယ်ဆိုပြီး စာနဲ့အတူ   မကြာမီရက်ပိုင်းက လူမှု ကွန်ရက်စာမျက်နှာမှာ   တွေ့လိုက်ရပါတယ်။ 


ထိုဖြစ်စဉ်ကဲ့သို့   အာဏာဖီဆန်ရေး  အကြမ်း မဖက်လူထုလှုပ်ရှားမှု CDM မှာ မပါဝင်တဲ့၊ လုပ်ငန်း တာဝန်တွေကို   ဆက်လက်ထမ်းရွက်နေတဲ့  နိုင်ငံ့ ဝန်ထမ်းတွေကို   ယခုလို  ဖိအားပေး  ပြောဆိုစည်းရုံး မှုတွေ   ပြုလုပ်တာ၊  ရုံးတက်တဲ့   ဝန်ထမ်းတွေကို ဓာတ်ပုံရိုက်ပြီး   လူမှုကွန်ရက်ပေါ်သို့    ဖြန့်ဝေကာ အရှက်ခွဲတာ၊  လှောင်ပြောင်ကဲ့ရဲ့တာတွေ၊ Social Punishment ပြုလုပ်တာတွေကိုလည်း  မကြာခဏ   တွေ့မြင်လာရပါတယ်။   


အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil   disobe- dience   Movement -  CDM) ဆိုတာ   ဉာဏ်မီ သလောက်ကတော့   နိုင်ငံသားတစ်ဦးက အစိုးရရဲ့  ဥပဒေတွေ၊   ညွှန်ကြားချက်တွေ၊   အမိန့်တွေကို အကြမ်းမဖက်သောနည်းနဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း သို့မဟုတ်    ငြိမ်းချမ်းစွာ   ကန့်ကွက်ခြင်း      ဖြစ်ပါ တယ်။ 


ဒီမိုကရေစီယဉ်ကျေးမှု၊  ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းမှာ    လွတ်လပ်စွာပြောဆို        လုပ်ကိုင်ခွင့်တွေ ရှိပါတယ်။ ဒါပေမယ့်   လွတ်လပ်မှုက  သူတစ်ပါးကို မထိခိုက်စေရပါ။   မိမိနဲ့ သဘောထား၊ အယူအဆ မတူသူတွေကိုလည်း   လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ပေးရပါမယ်။   မတားဆီးရ၊ မထိပါးရပါဘူး။ 


 ဒီမိုကရေစီ လူ့အခွင့်အရေးကို အကြောင်းပြပြီး အခြားသူတွေကို    အုပ်စုဖွဲ့   အတင်းအကျပ်ပြုတာ၊ နှောင့်ယှက်၊   ခြိမ်းခြောက်တာတွေကတော့ ဥပဒေ နဲ့ လူ့အခွင့်အရေးကို   မလေးစား မလိုက်နာတာ ပဲ ဖြစ်ပါတယ်။  စည်းကမ်းမရှိရင် ဒီမိုကရေစီလည်း ပျက်စီးနိုင်ပါ တယ်။  ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူ အများ အာဏာပိုင်စိုးသော စနစ်ကို   ခေါ်ဆိုပြီး ဒီမို ကရေစီစနစ်  အခြေခိုင်ရေးအတွက်  ပြည်သူအင်အား ကိုအသုံးချရာမှာ   အတ္တ၊ ပရ မျှတဖို့လည်း  အရေး ကြီးပါတယ်။ 


အကြောက်တရားကြောင့် ပါဝင်နေ


CDM လှုပ်ရှားမှုမှာ  ဝန်ထမ်းအချို့  ပါဝင်ကြတာ ကတော့ ပကတိအရှိတရားဖြစ်ပါတယ်။ ယုံကြည်မှု၊ ခံယူချက်တွေကြောင့်    ပါဝင်လာသူတွေရှိပေမယ့် အချို့ဝန်ထမ်းတွေက       ကိုယ်ပိုင်စိတ်ခံစားမှု၊ ခံယူချက်တွေကြောင့်  မဟုတ်ဘဲ  စည်းရုံးမှုတွေကို နားယောင်ပြီး       တစ်စုံတစ်ယောက်စေခိုင်းတဲ့ အတိုင်း လိုက်ပါလုပ်ဆောင်တာ၊   မိမိသဘောဆန္ဒ မပါဘဲ  အကြောက်တရားကြောင့်  ပါဝင်နေကြရတာ တွေလည်း ရှိပါတယ်။ 


အစိုးရရဲ့ လုပ်ငန်းယန္တရားကို ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်ချက်နဲ့     အာဏာဖီဆန်ရေး  လှုပ်ရှားမှု (CDM)မှာ   ဝန်ထမ်းတွေပါဝင်လာဖို့   ရုံးတက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို     တားဆီးနှောင့်ယှက်တာ၊ ရုံးမတက်ဖို့   ခြိမ်းခြောက်အကျပ်ကိုင်တာ၊ ရုံးတက် လို့     လှောင်ပြောင်ကဲ့ရဲ့တာတွေကို     ဒီမိုကရေစီကို လိုလားသူ၊  လူ့အခွင့်အရေးကို  တန်ဖိုးထားသူတွေလို့ ကြွေးကြော်နေသူ   အချို့ဟာ   တဖြည်းဖြည်းနဲ့ အကြမ်းဖက်မှုအသွင်နဲ့   ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြပါတယ်။ 


CDM လှုပ်ရှားမှုမှာ  ပါဝင်တဲ့  နိုင်ငံ့ဝန်ထမ်းတွေ၊ အွန်လိုင်းကတစ်ဆင့် လှုံ့ဆော်နေတဲ့အဖွဲ့တွေကို  ပြည်တွင်း၊   ပြည်ပအဖွဲ့အစည်းတွေက  ငွေကြေး ထောက်ပံ့တာတွေ  ရှိပါတယ်။ CDM ကို မြှောက်ပင့် လှုံ့ဆော်နေသူတွေဟာ  အကျိုးမလိုလားသူ၊ ပျက်စီး အောင်  ဆူပူအုံကြွအောင်    သွေးထိုးလှုံ့ဆော်နေ သူတွေပဲ ဖြစ်ပါတယ်။


တကယ်တော့   နိုင်ငံတော်အစိုးရနဲ့   ပြည်သူ တွေကြားမှာ          ကြားခံဆက်သွယ်လုပ်ငန်း ဆောင်ရွက်ရမယ်ဆိုတဲ့    တာဝန်ဝတ္တရားတွေကို လုပ်ခွင်မပျက်    ဆက်လက်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကို  ခြိမ်းခြောက်ဟန့်တားသူ၊  တားဆီး ပိတ်ပင်သူ၊  ဝတ္တရားနှောင့်ယှက်သူတွေကို   တည်ဆဲ ဥပဒေတွေနဲ့အညီ အရေးယူလို့  ရပါတယ်။


တာဝန်ကျေဖို့ ကြိုးစားရုန်းကန်နေ


ပြည်သူကိုဗဟိုပြုပြီး   ကျင့်ဝတ်သိက္ခာ  စောင့် ထိန်းတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုတဲ့    နိုင်ငံ့ဝန်ထမ်းတွေ၊  အစိုးရ အဆက်ဆက်  နှစ်ပေါင်းများစွာ  အနစ်နာခံ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့  ဝန်ထမ်းတွေဟာ အခုအချိန်မှာ ရပ်တည်ချက်တွေ    အမျိုးမျိုး၊ သဘောထားတွေ အမျိုးမျိုး၊ ထိုးနှက်ချက်တွေ အမျိုးမျိုးအကြားမှာ တာဝန်ကျေဖို့  ကြိုးစားရုန်းကန်နေကြရပါတယ်။ 


နိုင်ငံ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လာ ဖို့    စတင်ဆောင်ရွက်စည်းရုံးသူကို ထိထိရောက် ရောက်    အရေးယူ  ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက     ပြောကြား ထားပါတယ်။  CDM မှာ ပါဝင်နေသူတွေကို လုပ်ငန်း ခွင်တွေမှာ    ပြန်လည်တာဝန်    ထမ်းဆောင်ကြဖို့ နိုင်ငံတော်အစိုးရက  တိုက်တွန်းနေပြီး  စိတ်ရှည် လက်ရှည်နဲ့လည်း   သည်းခံစောင့်ဆိုင်းပေးလျက်ရှိ ပါတယ်။


နိုင်ငံ့ဝန်ထမ်းတွေဟာလည်း    နိုင်ငံသားတွေ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပချိန်မှာ ကြိုက်   နှစ်သက်တဲ့ ကိုယ်စားလှယ်ကို ဆန္ဒမဲပေးနိုင်ပါတယ်။ ဒါပေမယ့်        နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့အတွက်  ထမ်းဆောင်ရမယ့်   တာဝန်တွေ၊  စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊   လိုက်နာရမယ့်  စည်းကမ်းတွေရှိ ပါတယ်။ 


နိုင်ငံအတွက်သာ ဦးတည်ဆောင်ရွက်


နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ကြိုက်ခြင်း၊ မကြိုက် ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့  စိတ်ခံစားချက်တွေရှိ မှာဖြစ်ပါတယ်။    ဒီမိုကရေစီ  ကျင့်စဉ်အရလည်း လွတ်လပ်စွာ   သဘောထားကွဲလွဲခွင့်   ရှိပါတယ်။ ဒါပေမယ့်   စိတ်ခံစားချက်နဲ့   လုပ်ငန်းတာဝန်ကို ကွဲပြားသိမြင်ပြီး  တာဝန်ချိန်မှာတော့  နိုင်ငံအတွက် သာ ဦးတည်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။


စာဂကို  အကျင့်၊  စွန့်လွှတ်ခြင်း၊  ပေးလှူခြင်း၊ စရိုက်အမူအရာ၊    မျှဝေလှူဒါန်းခြင်း   အနစ်နာ ခံနိုင်ခြင်းလို့  အဓိပ္ပာယ်ရပြီး  သစ္စာကတော့ မှန်ကန် ခြင်းတရား  ဖြစ်ပါတယ်။   ဓမ္မက  တရားမျှတခြင်း၊ နိယာမသဘောဖြစ်ပြီး ဝီရိယကတော့ ကြိုးစားလုံ့လ ရှိခြင်းဖြစ်ပါတယ်။   ပညာသည်  လောဘ၊  ဒေါသ၊ မောဟကို   ဖောက်ထွင်းဖျက်ဆီးနိုင်ပြီး သန္တိသုခ နိဗ္ဗာန်တိုင်အောင် မျက်မှောက်ပြုစေနိုင်ပါတယ်။ 


ဘယ်အစိုးရတက်တက်  ဆက်လက်တည်ရှိနေ မှာဖြစ်တဲ့   နိုင်ငံ့ဝန်ထမ်းတွေသည်  သစ္စာ၊ အမှန် တရားကို သိမြင်တဲ့  ပညာဉာဏ်မျက်လုံးနဲ့ အမှောင် ကို ထွင်းဖောက် အလင်းရောက်နိုင်ကြပါစေ။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာတည်းဟူသော သူတော် ကောင်းတရား ငါးပါးနဲ့ ပြည့်စုံပြီး ချီးမွမ်းခြင်း၊ ကဲ့ရဲ့ ခြင်း  ကောင်းဆိုးနှစ်တန်  လောကဓံကို မတုန်မလှုပ် ကြံ့ကြံ့ခံကာ ပြည်သူ့ဝန်ဆောင်မှု  လုပ်ငန်းတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  ပူးပေါင်းပါဝင်နိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ရပါတယ်။      ။