PDF အမည်ခံ အကြမ်းဖက်သမားများက ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်ပြီး လူနေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးကာ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အမျိုးသားငါးဦး သေဆုံးခဲ့ပြီး အမ

 

နေပြည်တော်  မေ  ၁၀


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီး၌    အကြမ်းဖက်မှုကို လိုလားသည့်    လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့်    PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လမ်းတံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း၊    စစ်ရေးပစ်မှတ် မဟုတ်သည့်  အပြစ်မဲ့အရပ်သား ပြည်သူများ       နေရာထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊      Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခြင်း    စသည့်အကြမ်းဖက် မှုလုပ်ရပ်များအား   လုပ်ဆောင် လျက်ရှိသည်။

 


ထိုသို့  လုပ်ဆောင်လျက်ရှိရာ မေ ၉ ရက် နံနက်  ၅  နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး   ရွှေဘို မြို့နယ်     ဇီးဖြူကုန်းကျေးရွာ အတွင်းသို့ PDF အမည်ခံ အကြမ်း ဖက်သမားများက  ကျေးရွာအနီး မူးဘောင်လမ်းမှနေ၍ လက်လုပ် စိန်ပြောင်းများဖြင့်     ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  ကျေးရွာ အတွင်းသို့   ဝင်ရောက်လာကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီး ၍ ကျေးရွာနေ အပြစ်မဲ့အရပ်သား ပြည်သူများကို  လက်နက်ငယ် များဖြင့်    ပစ်ခတ်သတ်ဖြတ်ခဲ့ သဖြင့်    ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကောင်းထက်ဇင်၏ နေအိမ်ပါ လူနေအိမ်   ခုနစ်လုံး  မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါကျေးရွာ နေ အပြစ်မဲ့အမျိုးသား ငါးဦးတွင် ကျည်ထိမှန်ဒဏ်ရာများ   ရရှိကာ အခင်းဖြစ်နေရာ၌  သေဆုံးသွား ခဲ့ပြီး   အမျိုးသမီး  တစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ   ရရှိခဲ့၍ ဆေးကုသနိုင်ရေး   ရွှေဘိုခရိုင် ပြည်သူ့ဆေးရုံကြီးသို့   ပို့ဆောင် ထားရှိကြောင်း သိရသည်။

 


ထိုသို့   အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ   ကျေးရွာ အတွင်းသို့  လက်လုပ်စိန်ပြောင်း များဖြင့်    ရမ်းသန်းပစ်ခတ်ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များ အား  မီးရှို့ဖျက်ဆီးကာ  ကျေးရွာ နေပြည်သူများအား    ပစ်ခတ် သတ်ဖြတ်သွားခဲ့သည့်   အကြမ်း ဖက်သမားများအား     ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်  အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်      လုံခြုံရေးလုပ်ငန်းစဉ် များအား ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း     သတင်းရရှိ သည်။

သတင်းစဉ်