ကျောက်ကြီးမြို့နယ်၌ အကြမ်းဖက်မှုကို လိုလားသည့် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျောက်ကြီး - နတ်သံကွင်းကားလမ်းရှိ သံပေါင်သစ်သားခင်း တံတားတစ်စင်းအား မီးရှို့ဖျက်ဆီး

 

နေပြည်တော်  မေ   ၁၁


ဒေသအတွင်း   လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူ များ    ခရီးသွားလာမှု     လွယ်ကူ မြန်ဆန်စေရေးအတွက်   အခြေခံ အဆောက်အအုံဖြစ်သည့် လမ်း/တံတားများ   ဖောက်လုပ်တည် ဆောက်ပေးလျက်ရှိရာ  တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသူ    အကြမ်းဖက်မှုကို လိုလားသည့်     လက်နက်ကိုင် သောင်းကျန်းသူများနှင့်   PDF အမည်ခံအကြမ်းဖက်သမားများ က   လမ်း/    တံတားများအား လက်လုပ်မိုင်း၊    လက်လုပ်ဗုံးများ ဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊   မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့်   လုပ်ရပ်များကို  ဆင်ခြင်တုံတရား နည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိသည်။

 


ထိုသို့ အဖျက်အမှောင့် လုပ်ရပ် များ   ပြုလုပ်လျက်ရှိရာ   မေ ၁၀ ရက် နံနက် ၇ နာရီတွင်   ပဲခူးတိုင်း ဒေသကြီး     ကျောက်ကြီးမြို့နယ် နောင်ကုန်းကျေးရွာအနီး ကျောက် ကြီး- နတ်သံကွင်း           ကားလမ်း မိုင်တိုင်အမှတ် ၁၁ မိုင် ၁ ဖာလုံရှိ သံပေါင်သစ်သားခင်း၊     တံတား အမှတ် (၁/၁၂)၊ စစ်ပင်တံတားအား  အကြမ်းဖက်မှုကို   လိုလားသည့်  သောင်းကျန်းသူအဖွဲ့နှင့်   PDF အမည်ခံ အကြမ်းဖက်သမားများ က   မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် မော်တော်ယာဉ်များ   ဖြတ်သန်း သွားလာ၍မရကြောင်း သိရသည်။

 


အထက်ပါဖြစ်စဉ်မှ ပျက်စီး သွားသည့် တံတားအား ပြန်လည် ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူ ဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသည့်    တံတား အား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်း ဖက်သမားများကို           ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက  လိုအပ်သည့် လုံခြုံရေး         လုပ်ငန်းစဉ်များနှင့်အညီ      ဆက် လက်ဆောင်ရွက် လျက်ရှိကြောင်း          သတင်းရရှိသည်။        

သတင်းစဉ်