
နေပြည်တော် မေ ၁၂
(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ Pool 9 Ball နှစ်ယောက်တွဲပြိုင်ပွဲ ကို မေ ၁၂ ရက်က စတင်ကျင်းပရာ မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။
မြန်မာအသင်းတွင် ဘုန်းမြင့်ကျော် (ခ) အားတီ နှင့် သော်ဇင်ထက်တို့ ပါဝင်ယှဉ်ပြိုင်နေပြီး ကွာတားဖိုင်နယ် အဆင့်မှ စတင်ကစားရခြင်း ဖြစ်သည်။ မြန်မာအသင်း သည် ဘရူနိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၉-၇ ပွဲဖြင့် အနိုင် ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အနိုင်ရခဲ့သော် လည်း နောက်မှလိုက်ကစားခဲ့ရပြီး ပွဲငယ်ကိုးပွဲ ပြီးချိန် အထိ ၃-၆ ပွဲဖြင့် အရေး နိမ့်နေသည်။
သို့သော် ၁၀ ပွဲ မြောက်ပွဲငယ်မှ ၁၄ ပွဲမြောက် ပွဲငယ်အထိ ငါးပွဲဆက်တိုက်ပြန်လည်အနိုင်ရခဲ့သဖြင့် ၈-၆ ပွဲဖြင့် ဦးဆောင်နိုင်ခဲ့ ပြီး ၁၆ ပွဲမြောက်တွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အခြား ကွာတားဖိုင်နယ်ပွဲများ တွင် ထိုင်းက လာအိုကို ၉-၁ ပွဲ၊ ဖိလစ်ပိုင်က ဗီယက်နမ်ကို ၉-၂ ပွဲဖြင့် အနိုင်ရခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၃ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်