
နေပြည်တော် မေ ၁၆
၂၀၂၃ ခုနှစ် မေ ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် သာကေတမြို့နယ် အမှတ်(၉)ရပ်ကွက် ဧရာဝဏ်လမ်း ရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာ ဆိုင်သို့ စိစစ်ဆဲ ကျား လေးဦး သည် သေနတ် အတိုတစ်လက် ကိုင်ဆောင်၍ Probox (အဖြူ ရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း သုံးဦး တို့ကို သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ နှင့် CCTV Control Box တို့အား ဓားပြ တိုက် လုယက်ယူဆောင်သွားခဲ့ သည်။
သို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေသော အကြမ်းဖက် ဓားပြတိုက်လုယက် မှုများကို မလိုလားသည့်ဒေသခံ ပြည်သူလူထု၏ သတင်းပေးပို့ချက် များအရ ဓားပြတိုက်လုယက်ရာ တွင် ပါဝင်သူများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူများသည် အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် တွင် ရောက်ရှိနေကြောင်း သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် သရက်ခြံ(၄)လမ်း အိမ်အမှတ် (၅၅၉)၌ တရားခံ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးနှင့် ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့အား ပွိုင့် - ၃၈၀ ကျည် ၅၈ တောင့်၊ ၉ မမကျည် ၄၃ တောင့်၊ ပွိုင့်-၃၈၀ ကျည်အိမ် တစ်ခု၊ ရှို့ပစ် လက်လုပ်ဗုံး နှစ်လုံး၊ ဓားပြတိုက် လုယက် ယူဆောင်သွားခဲ့သည့် ရွှေဆွဲကြိုး ၂၅၆ ကုံး၊ ရွှေနားကပ် ၁၅၃ ရံ၊ ရွှေဆွဲသီး ၅၄ ခု၊ ရွှေဆံညှပ် ၁၅ ခု၊ ရွှေလက်ကောက် ၃၆၃ ကွင်း၊ ရွှေလက်စွပ် ၆၃၁ ကွင်း၊ ဟန်းချိန်း ၉၁ ခု၊ ငွေကျပ်သိန်း ၃၀ တို့နှင့်အတူ ဖြစ်စဉ်ဖြစ်ပွား ပြီး လေးနာရီအတွင်း ပြန်လည် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စိုးသန်း နိုင်ဦး(ခ)ဇော်ကြီး၏ထွက်ဆိုချက် အရ ယင်းနေ့ ညနေပိုင်းတွင် အင်းစိန် ပန်းခြံ၌ တရားခံ စကင် မရွန်းဇင်အား လည်းကောင်း၊ အင်းစိန်မြို့နယ် အောင်ဆန်း ရပ်ကွက်ရှိ “ရွှေကောင်းကြွယ်” လက်ဖက်ရည်ဆိုင်၌ တရားခံ မင်းခန့်မောင်အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ မင်းခန့် မောင်၏ ထွက်ဆိုချက်အရ မေ ၁၄ ရက် နံနက်ပိုင်းတွင် လှည်းကူး မြို့နယ် မေဃဝတီရပ်ကွက်၌ တရားခံ ကျော်မင်းဝေ(ခ)ဝေကြီး နှင့် ဇေယျာအေး(ခ)ဇေယျာတို့ကို ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေ ဆွဲကြိုး တစ်ကုံး၊ ရွှေနားကပ် တစ်ရံ၊ ရွှေလက်စွပ် လေးကွင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သင်္ဃန်း ကျွန်းမြို့နယ် စံပြရပ်ကွက် စံပြ(၅)လမ်း တိုက်အမှတ် (၁၀၅) ၌ တရားခံ နိုင်ဦး(ခ)စွန်ရဲအား Glock ပစ္စတို တစ်လက်၊ Sig Sauer ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ပွိုင့်- ၃၈၀ ကျည်တောင့် ၂၀၊ ဓားပြ တိုက် ယူဆောင်ခဲ့သည့် ရွှေ ဆွဲကြိုး တစ်ကုံး၊ ရွှေလော့ကတ် သီးတစ်ခု၊ ရွှေဆွဲပြား နှစ်ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နိုင်ဦး(ခ)စွန်ရဲ၏ ထွက်ဆိုချက်အရ မေ ၁၄ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၅)ရပ်ကွက် ပတ္တမြား(၃)လမ်း အိမ် အမှတ်(၅/၇၆၈)၌ ဓားပြတိုက် လုယက်ရာတွင် အသုံးပြုခဲ့ သော လက်နက်/ခဲယမ်းများအား သိမ်းဆည်းပေးသူ လင်းဦး ကို လက်ပစ်ဗုံး သုံးလုံးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ရှစ်ဦးနှင့်အတူ Glock ပစ္စတို တစ်လက်၊ Sig Sauer ပစ္စတို တစ်လက်၊ ကျည်မျိုးစုံ ၁၂၁ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ ရှို့ပစ်လက်ပစ် ဗုံး နှစ်လုံးတို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက် လုယက်ယူဆောင် သွားသည့် ငွေကျပ်သိန်း ၄၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း အမျိုးစုံ ၃၀ နှင့် ငွေကျပ်သိန်း ၃၀ တို့ကို တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် အရှိန်အဟုန်မြှင့် စစ်ဆေးရှာဖွေ ဖော်ထုတ်မှုများကြောင့် ဖြစ်စဉ် ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ စကင်မရွန်းဇင် သည် ၂၀၂၁ ခုနှစ် မတ်လ(ပထမ ပတ်) တွင် ဖမ်းဆီးရန်ကျန်တရားခံ ကျော်လင်းညို၏ ချိတ်ဆက်ပေးမှု ဖြင့် လိုင်ဇာမြို့အနီးရှိ KIA စခန်း တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းတစ်လ တက်ရောက်ခဲ့ ကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တို ဘာလ(ပထမပတ်) တွင် Anti-Dictatorship Revolution People’s Army- DRPA အမည်ခံ အကြမ်းဖက်အဖွဲ့အား အပြစ်မဲ့ ပြည်သူများအား ဒလန်အဖြစ် စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ ငွေကြေး ချမ်းသာသူများအား လက်နက်ဖြင့် ခြိမ်းခြောက်၍ ငွေကြေးရယူခြင်း၊ ဓားပြတိုက် ခြင်းများ ဆောင်ရွက်ရန်ရည်ရွယ် ပြီး အကြမ်းဖက်အုပ်စု NUG မှ တရားခံပြေး ရည်မွန်၏စေခိုင်းမှု ဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းမင်းထက် (ခ) လင်းနွေ ခေါင်းဆောင်၍ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး၊ မင်းခန့်မောင်၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်နှင့် ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့် ကိုထွန်း၊ ဇင်လင်းထွန်း(ခ)ဇင်ကြီး၊ ဂျက်ပလက်၊ အာကာ၊ ပင်လယ်၊ လရောင်၊ ကျော်ကြီး၊ သာကြီး၊ သူရိန် အပါအဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (ဒုတိယပတ်)တွင် တရားခံပြေး ရည်မွန်သည် ရန်ကုန် မြို့အတွင်း အကြမ်းဖက်လုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြု ရန် Glock ပစ္စတို တစ်လက်၊ Sig Sauer ပစ္စတို တစ်လက်၊ ကျည် တောင့် ၁၀၀၊ လက်ပစ်ဗုံး လေးလုံး တို့အား ဖမ်းဆီးရန်ကျန်တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေထံသို့ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ DRPA အမည်ခံ အကြမ်းဖက်အဖွဲ့ အနေဖြင့် အောက်ပါ လုပ်ကြံသတ်ဖြတ်မှု၊ အကြမ်းဖက် ဖောက်ခွဲမှုများ ကျူးလွန်ခဲ့ကြောင်း-
- ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (စတုတ္ထပတ်)တွင် စိုးသန်း နိုင်ဦး(ခ)ဇော်ကြီးနှင့် ဖမ်းဆီး ရန်ကျန်တရားခံ သူရိန်တို့ သည် လှည်းကူးမြို့ မြို့ကြီး ကုန်းရပ်ကွက် ရွှေသရဖီလမ်း နေ အပြစ်မဲ့ပြည်သူ ဖိုးခွားကို ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
- ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (ဒုတိယပတ်) တွင် စိုးသန်း နိုင်ဦး(ခ)ဇော်ကြီးနှင့် ဖမ်းဆီး ရန်ကျန်တရားခံ သူရိန်တို့ သည် လှည်းကူးမြို့ အောင် မင်္ဂလာရပ်ကွက်ရှိ အုပ်ချုပ် ရေးမှူးရုံးအား လက်လုပ်မိုင်း တစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ DRPA အမည်ခံအကြမ်းဖက်အဖွဲ့အနေ ဖြင့် အောက်ဖော်ပြပါ ဓားပြတိုက် လုယက်မှုများအား ကျူးလွန်ခဲ့ ကြောင်း-
- ၂၀၂၃ ခုနှစ် မတ် ၁၀ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးမှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ (ခ) ဝေကြီး၊ နိုင်ဦး(ခ) စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး (ခ) ဇေယျာ၊ ရဲရင့်ခိုင်စိုး (ခ) ခိုင်စိုးတို့သည် လှည်းကူးမြို့နယ် ကျောက္ကဒင် ကျေးရွာရှိ “လသာသာ” အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်း ပိုင်ရှင်အား လက်နက်ဖြင့် ခြိမ်းခြောက် ကာ ငွေကျပ်သိန်း ၁၀၀ ဓားပြတိုက် လုယက်ခဲ့ ကြောင်း။
- ဧပြီ ၃ ရက်တွင် စိုးသန်းနိုင်ဦး (ခ)ဇော်ကြီးမှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ (ခ)ဝေကြီး၊ နိုင်ဦး (ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး (ခ) ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုးတို့သည် ကျောက်တံတား မြို့နယ် အမှတ်(၉) ရပ်ကွက် လမ်း(၄၀) အလယ်ဘလောက် ရှိ Kaung Lay Mobile ဖုန်းဆိုင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ နှင့် I Phone ၁၀ လုံးတို့ အား ဓားပြတိုက်လုယက်ခဲ့ ကြောင်း။
- မေ(ပထမပတ်)တွင် ရန်ကုန် မြို့ပေါ်ရှိ အမျိုးသမီးဝန်ထမ်း များသာ ခန့်အပ်ထားသည့် ရွှေဆိုင်များအား အဓိက ပစ်မှတ်ထား၍ ဓားပြတိုက် လုယက်ရန် လိုက်လံရှာဖွေခဲ့ ကြောင်း၊ သာကေတမြို့နယ် အမှတ်(၉)ရပ်ကွက် ဧရာဝဏ် လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်တွင် အမျိုး သမီးဝန်ထမ်း သုံးဦးသာ ခန့်အပ်ထားကြောင်း တွေ့ရှိ ရသဖြင့် ဓားပြတိုက်လုယက် ရန် သတ်မှတ်၍ ဝင်လမ်း ထွက်လမ်းများ ကြိုတင် အခြေအနေကြည့်ခဲ့ပြီး မေ ၁၃ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးမှ ဦးဆောင်၍ မင်းခန့် မောင်၊ ကျော်မင်းဝေ (ခ) ဝေကြီး၊ နိုင်ဦး (ခ)စွန်ရဲ၊ စကင် မရွန်းဇင်၊ ဇေယျာအေး (ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ) ခိုင်စိုး တို့သည် “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်သို့ သွား ရောက်၍ ဆိုင်ပိုင်ရှင်နှင့် အမျိုး သမီးဝန်ထမ်း သုံးဦးတို့ကို သေနတ်ပြ ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း အမျိုးစုံ ၃၀ နှင့် CCTV Control Box တို့အား ဓားပြတိုက် လုယက်ယူဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
DRPA အမည်ခံအကြမ်းဖက် အဖွဲ့၏ “ကြယ်စင်လင်း” စိန်ရွှေ ရတနာဆိုင်အား ဓားပြတိုက် လုယက်ခဲ့သည့် ဖြစ်စဉ်တွင် တရားခံများက ရွှေထည်ပစ္စည်း များအား ဝေစုမခွဲမီ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အချိန်နှင့် တစ်ပြေးညီ မဆုတ်မနစ်ကြိုးပမ်း ဖော်ထုတ်မှုနှင့် တာဝန်သိပြည်သူ များ၏ အချိန်နှင့်တစ်ပြေးညီ လျှို့ဝှက်သတင်းပေးပို့ ပူးပေါင်း ပါဝင်ခြင်းများကြောင့် ဓားပြတိုက် လုယက်သည့် ခေါင်းဆောင်နှင့် ရွှေထည်ပစ္စည်းများကို လေးနာရီ အတွင်းဖမ်းဆီးရမိခဲ့ပြီး ဓားပြ တိုက်လုယက်မှုဖြစ်စဉ်ပါ ကျန် တရားခံများနှင့် လက်နက် ခဲယမ်းများအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက် ကွယ်မှ ထောက်ပံ့ပေးလျက်ရှိ သော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန် စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လည်း ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးတို့ အတွက် နေ့ညမပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်