(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ နိုင်ငံအလိုက်ဆုရရှိမှု ဗီယက်နမ်နိုင်ငံက ပထမနေရာရရှိ

 

ရန်ကုန်    မေ    ၁၇


ကမ္ဘောဒီးယားနိုင်ငံက     အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို   မေ ၁၇ ရက်က ဖနွမ်းပင်မြို့ရှိ မိုရိုဒေါ့တီချိုကွင်း၌ ကျင်းပသည်။

 


ပိတ်ပွဲ      အခမ်းအနားတွင် ပြိုင်ပွဲဝင်နိုင်ငံများ ကွင်းအတွင်း ဝင်ရောက်နေရာယူကြပြီး ပြိုင်ပွဲ တွင်     ကူညီဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများလည်း တက် ရောက်ခဲ့သည်။     ပိတ်ပွဲအခမ်း အနားကို    ဖျော်ဖြေရေးအစီ အစဉ်များဖြင့်  ပြုလုပ်ခဲ့ပြီး  (၃၃)ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲကို  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်    ထိုင်းနိုင်ငံကို ပြိုင်ပွဲကျင်းပရေးအလံ လွှဲပြောင်းပေးအပ်သည်။

 


(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဧပြီ ၂၉ ရက်မှ မေ ၁၇ ရက် အထိ ကျင်းပခဲ့ပြီး အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံးမှ အားကစားသမား ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုပြိုင်ပွဲတွင် အားကစား နည်း ၃၆ မျိုး   ထည့်သွင်းကျင်းပခဲ့ပြီး  ရွှေတံဆိပ်စုစုပေါင်း  ၅၈၆  ခု ချီးမြှင့်ခဲ့သည်။ 

 


ပြိုင်ပွဲအပြီးတွင်    ဗီယက်နမ်နိုင်ငံက   ရွှေ ၁၃၆ ခု၊   ငွေ ၁၀၅ ခု၊ ကြေး ၁၁၄ ခုဖြင့်   နိုင်ငံအလိုက်ဆုရရှိမှုတွင်   ပထမနေရာရရှိခဲ့ပြီး ဗီယက်နမ်အသင်းနောက်တွင်  ထိုင်းနိုင်ငံက ရွှေ ၁၀၈ ခု၊   ငွေ ၉၆ ခု၊ ကြေး ၁၀၈ ခုဖြင့် ဒုတိယ၊   အင်ဒိုနီးရှားနိုင်ငံက   ရွှေ ၈၇ ခု၊  ငွေ ၈၀၊ ကြေး ၁၀၉ ခုဖြင့် တတိယ၊ အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက ရွှေ ၈၁ ခု၊ ငွေ ၇၄ ခု၊ ကြေး ၁၂၇ ခုဖြင့် အဆင့် ၄၊ ဖိလစ်ပိုင်နိုင်ငံက ရွှေ ၅၈ ခု၊ ငွေ ၈၆ ခု၊  ကြေး ၁၁၆ ခုဖြင့် အဆင့် ၅၊  စင်ကာပူနိုင်ငံက  ရွှေ ၅၁ ခု၊  ငွေ ၄၂ ခု၊  ကြေး ၆၄ ခုဖြင့် အဆင့် ၆၊  မလေးရှားနိုင်ငံက ရွှေ ၃၄ ခု၊  ငွေ ၄၅ ခု၊ ကြေး ၉၇ ခုဖြင့် အဆင့် ၇၊ မြန်မာနိုင်ငံက ရွှေ ၂၁ ခု၊ ငွေ ၂၅ ခု၊ ကြေး ၆၈ ခုဖြင့် အဆင့် ၈၊ လာအိုနိုင်ငံက  ရွှေ ခြောက်ခု၊ ငွေ ၂၂ ခု၊ ကြေး ၆၀ ဖြင့်  အဆင့် ၉၊   ဘရူနိုင်းနိုင်ငံက   ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးခြောက်ခုဖြင့် အဆင့် ၁၀၊  တီမောနိုင်ငံက ကြေးရှစ်ခုဖြင့် အဆင့် ၁၁ နေရာ ဆွတ်ခူးရရှိခဲ့သည်။


ညီမြတ်သော်တာ