အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   မေ   ၁၈
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော  CRPH ၊   NUG  နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့အစည်းများ၊   ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်း များ၊     လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်  ပြည်သူလူထုကို  အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊    ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို   လူမှုကွန်ရက်များမှ တစ်ဆင့်  နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏   လှုံ့ဆော်မှု၊  ဝါဒဖြန့်မှုများ အပေါ်   မသိနားမလည်၍ဖြစ်စေ၊   ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်း နည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှု များပြုလုပ်ခြင်း၊     လှုံ့ဆော်ဝါဒဖြန့်မှုများကို   ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်     အကြမ်းဖက်မှုတိုက်ဖျက်ရေး     ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄- ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင် သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ကို  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက   နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာ များမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့   အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး  ဖြစ်သော်လည်း နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ဝက်ပုတ်ကျေးရွာ နေ ရွှေအိုး(ခ) နေလင်းဇော်(ခ)နေလင်းမော်(ခ) နေလင်းသော်  သည် ၎င်းအသုံးပြုသည့် “ချိုးငှက် ပြောက်ကြား”   Facebook  အကောင့်၊      ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နောင်မိုရပ်ကွက်နေ  ရဲနိုင်သည် ၎င်းအသုံးပြုသည့် “Ye Naing” Facebook အကောင့်၊ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာနေ ကျော်မင်းခန့်သည် ၎င်းအသုံးပြုသည့် “Kyaw Min Khant” Facebook အကောင့်နှင့်   ဧရာဝတီတိုင်းဒေသကြီး     တွံတေးမြို့နယ်   မယ်ပြကျေးရွာနေ ရည်မွန်ဝေဦးသည် ၎င်းအသုံးပြုသည့် “May Ye Mon” Facebook အကောင့်တို့ဖြင့်  အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ  ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်း များ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့်  ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များသည်   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်   အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း  ပြုလုပ်ခဲ့သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း  နှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်