ပုလောမြို့နယ် မန်ကျည်းကုန်းကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ခရီးသွားမော်တော်ယာဉ် တစ်စီးပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  မေ   ၂၄    တနင်္သာရီတိုင်းဒေသကြီး    ပုလောမြို့နယ်၌   PDF  အမည်ခံ  အကြမ်းဖက်သမားများက  အပြစ်မဲ့အရပ် သားပြည်သူများ  စီးနင်းလိုက်ပါလာသည့်    ခရီးသွား မော်တော်ယာဉ်အား      လက်နက်ငယ်များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ      အကြောင်းမဲ့ပစ်ခတ်         တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ   နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာများ   ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြိတ်- ထားဝယ် ဆက်သွယ်ထားသည့်     လမ်းကြောင်းပေါ်ရှိ    ပုလောမြို့နယ်  မန်ကျည်းကုန်း  ကျေးရွာအနီး၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု များအား   နယ်မြေခံလုံခြုံရေးအဖွဲ့များက    စစ်ဆေး ဆောင်ရွက်လျက်ရှိစဉ်   ယနေ့မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်၌ PDF  အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ   လုံခြုံရေးစစ်ဆေးမှုခံယူလျက်ရှိသည့်     တနင်္သာရီရိုးမ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ ခရီးသွားပြည်သူ နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့်     ပုလောပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ထိုသို့   အပြစ်မဲ့အရပ်သား ပြည်သူများ     စီးနင်း လိုက်ပါလာသည့်   ခရီးသွားမော်တော်ယာဉ်အား     ဆင်ခြင်တုံတရားမဲ့စွာ      ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား   ဖမ်းဆီးအရေးယူနိုင် ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက   လိုအပ်သည့်    လုံခြုံရေး လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။                သတင်းစဉ်