အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေကွဲပြားကြဖို့ လိုပါပြီ

Type

ကနောင်

 

နိုင်ငံတော်မှာ   လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ    အမှန်နဲ့ အမှား၊ တရားနဲ့ မတရား ရောထွေးပြီး ပြည်သူတွေအသိတရားအပေါ်  ခြိမ်းခြောက်လာနေတဲ့   အန္တရာယ်တွေကို    စိတ်မသက်သာဖွယ် မြင်တွေ့နေရပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ၊ တိုင်းပြည်ရဲ့  အနာဂတ်ကို နားလည်လက်ခံပြီး အကောင်းဆုံး၊ ထိခိုက်မှုအနည်းဆုံး အနေအထားကို ရွေးချယ်ပုံဖော်ရမယ့်အစား နိုင်ငံတည်ငြိမ်အေးချမ်း မှုကို အမျိုးမျိုးအဖုံဖုံ ဖျက်လိုဖျက်ဆီး ပြုနေကြတာကို မြင်တွေ့နေ ရပါတယ်။


တပ်မတော်အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ 
အဆင့်ဆင့်ဆောင်ရွက်ခဲ့ 
အားလုံးသိပြီးကြတဲ့အတိုင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့မှာကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲစာရင်း တွေမှာ ကြီးမားတဲ့ မဲကွာဟချက်တွေ ဖြစ်ပေါ်လာတဲ့အပေါ် ဖြေရှင်း ဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက် ခဲ့ပါတယ်။ မဲစာရင်းပြဿနာတွေကို ဖြေရှင်းပေးဖို့ အရေးယူဆောင် ရွက်ပေးဖို့    ပြည်သူတွေကရော၊   ပါတီတွေကရော၊     နောက်ဆုံး တပ်မတော်ကရော တောင်းဆိုခဲ့ပေမယ့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က  ငြင်းပယ်ခဲ့ပါတယ်။ 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က   ငြင်းပယ်တဲ့အခါ ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ဖြေရှင်းပေးဖို့   ဆောင်ရွက်ခဲ့ပါ တယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဥပဒေနဲ့အညီ တောင်းဆိုတဲ့  ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူပေးဖို့ ငြင်းဆန်တဲ့အခါ လက်ရှိကြုံတွေ့နေရတဲ့   အခြေအနေတွေကို     နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ခုခုက   နည်းလမ်းရှာ   ဖြေရှင်းပေးဖို့   တောင်းဆိုခဲ့ပြန်ပါတယ်။ အဲဒီအဆင့်တွေအားလုံး    ငြင်းပယ်ခံရတဲ့အခါ   အမျိုးသားကာကွယ် ရေးနဲ့  လုံခြုံရေးကောင်စီမှာ  အဓိကတာဝန်ရှိတဲ့  သမ္မတဦးစီးတဲ့ အရပ်ဘက်၊ စစ်ဘက်အားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီခေါ်ယူ၍ တွေ့ဆုံဆွေးနွေးကြရန် တင်ပြခဲ့ ပါတယ်။    တပ်မတော်အနေနဲ့   လုပ်ထုံးလုပ်နည်းနဲ့အညီ  အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါတယ်။ 


အဲဒီနောက်မှာ လွှတ်တော်အသီးသီးအစည်းအဝေးတွေ ရွှေ့ဆိုင်း ပေးဖို့ တောင်းဆိုတဲ့အခါမှာလည်း ရွှေ့ဆိုင်းမပေးခဲ့တဲ့အပြင် ပြည်သူ့ လွှတ်တော်အစည်းအဝေး အစီအစဉ်တွေ ထုတ်ပြန်ပြီး ဆက်လက် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့   ရယူဆောင်ရွက်တာဖြစ်လို့   တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို  ပျက်ပြားစေတဲ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် အရ အရေးပေါ်အခြေအနေကို ကြေညာခဲ့ရတာ ဖြစ်ပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၁၈ အရ လွှဲအပ်တာဝန်ပေး 


ဒီလိုသာ     မဖြေရှင်းပေးနိုင်ခဲ့ရင်      နိုင်ငံတော်ရဲ့      ဒီမိုကရေစီ လျှောက်လှမ်းမှုမှာ ယခုထက်ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေဆက်တိုက် ကြုံတွေ့လာရမှာဖြစ်လို့ မဲစာရင်း စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့နဲ့ မှားနေတဲ့အရာတွေ ကို ပြန်လည်တည့်မတ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့   ပုဒ်မ  ၄၁၈  အရ  ယာယီသမ္မတ   ဦးမြင့်ဆွေက နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ၁-၂-၂၀၂၁ ရက်နေ့က  လွှဲအပ် တာဝန်ပေးလိုက်တာ  ဖြစ်ပါတယ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်အမှတ်      ၁ /၂၀၂၁ မှာလည်း ဖော်ပြထားတာရှိပါတယ်။ အဲဒီကြေညာချက်မှာ  မဲစာရင်းများ  ကြီးမားစွာ ကွာခြားမှုတွေရှိနေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန် ပျက်ကွက်ခဲ့ကြောင်း၊ ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား ခေါ်ယူ ဖြေရှင်းပေးရန် တောင်းဆိုခဲ့တဲ့အခါမှာလည်း ဆက်လက်ပျက်ကွက် ခဲ့ကြောင်း အတိအလင်းဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတဆီကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်း အဝေးခေါ်ယူဖြေရှင်းပေးဖို့ နှစ်ကြိမ်တင်ပြတဲ့အခါမှာလည်း ငြင်းပယ် ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


အဲဒီအချိန်မတိုင်ခင်မှာ တပ်မတော်ရဲ့တောင်းဆိုမှုတွေ၊ ပြည်သူ တွေရဲ့     သံသယတွေ၊     ပါတီအသီးသီးရဲ့     ဖော်ထုတ်ချက်တွေကို လျစ်လျူရှု၊ မီဒီယာအသီးသီးရဲ့ ထောက်ပြမှုတွေကို လက်သင့်မခံတဲ့၊  ဖြေရှင်းပေးဖို့    လုံးဝမကြိုးစားခဲ့တဲ့     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ လွှတ်တော်တွေ၊ အစိုးရတွေရဲ့ တဇွတ်ထိုးနိုင်မှုဟာ  လက်ရှိမြန်မာနိုင်ငံရေးနဲ့ နိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးကို အဓိက ဖျက်ဆီးပစ်လိုက်တာလို့ ဆိုချင်ပါတယ်။ မတူကွဲပြားမှု၊ မညီညွတ်မှု တွေကို ငြိမ်းချမ်းအောင်၊ ညှိနှိုင်းဆောင်ရွက်ရမယ့်အစား အတင်း အဓမ္မ    ဆောင်ရွက်ခဲ့ခြင်းရဲ့ရလဒ်အဖြစ်  လက်ရှိမှာ    ပြည်သူများ တည်ငြိမ်အေးချမ်းမှုကို စတင်ဆုံးရှုံးလာခဲ့ရခြင်း ဖြစ်ပါတယ်။


လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ 
ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရပါတီအား  
နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးမည် 
ဒါကြောင့် မတရားမှုအသီးသီးကို ပြန်လည်တည့်မတ်စေလိုတဲ့  စေတနာနဲ့ ဆောင်ရွက်ချက်တွေဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းမယ်။ မဲစာရင်းတွေ ပြန်လည်စစ်ဆေးပြီး  လုပ်ဆောင်သင့်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် မယ်၊       ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေ    ဆက်လက် လုပ်ဆောင်မယ်။ ကိုဗစ်ကြောင့် ထိခိုက်သွားရတဲ့ စီးပွားရေးလုပ်ငန်း တွေကို နည်းလမ်းမျိုးစုံနဲ့ ပြန်လည်ကုစားမယ်။ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးအတွက်  တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါအချက်တွေကို  အလေးထားဆောင်ရွက်မယ်။ နောက်ဆုံးအချက်ကတော့  အရေးပေါ်ကာလဆိုင်ရာ  ပြဋ္ဌာန်းချက် တွေနဲ့အညီ ဆောင်ရွက်ပြီးစီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈  ခုနှစ်)   နဲ့အညီ  လွတ်လပ်ပြီးတရားမျှတသော   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို  ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးမယ် ဆိုပြီး    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက      ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


အဲဒီအချိန်ကနေစတင်ပြီး ယနေ့အထိ ဆောင်ရွက်ချက်တွေကို  လေ့လာကြည့်မယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အမြန်ဆုံးပြန်လည်ဖွဲ့စည်းနိုင်ခဲ့တယ်။ မဲစာရင်းတွေ စတင်စစ်ဆေး ဆောင်ရွက်နေသလို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း အပါအဝင်  ကုသရေးလုပ်ငန်းတွေကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တပ်မတော်ကုသရေးတပ်ဖွဲ့ဝင်များအားလုံး အင်တိုက်အားတိုက် ဆောင်ရွက်နေကြပါတယ်။ နယ်ပယ်အသီးသီးက တတ်သိပညာရှင် တွေနဲ့ပူးပေါင်းပြီး   နိုင်ငံ့စီးပွားရေး  အဘက်ဘက်က   မြင့်တက်လာ အောင် တွေ့ဆုံညှိနှိုင်းမှုတွေကိုလည်း လက်ရှိအရေးပေါ်ကာလကို တာဝန်ယူထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက် ခဲ့ပါတယ်။


အထက်ပါကိစ္စရပ်တွေကို ရှေ့လုပ်ငန်းစဉ် ငါးရပ်အဖြစ်ချမှတ်ပြီး အလျင်မြန်ဆုံး အကောင်အထည်ဖော်နေတာကိုလည်း တွေ့ရှိရပါ တယ်။ ယခုလိုတိုင်းပြည်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့  လုပ်ဆောင်တဲ့ဆောင်ရွက်ချက်တွေအပေါ် မြှောက်ပင့်သွေးထိုးမှုတွေ၊ တည်ငြိမ်မှုပျက်ပြားအောင်   ကြံစည်အားထုတ်မှုတွေကို  နေ့စဉ်နဲ့ အမျှ   ပြုလုပ်လာကြပါတယ်။  ပထမဆုံး  နိုင်ငံတော်ကို  လက်ရှိမှာ တာဝန်ယူနေတဲ့            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် လက်မခံဘူးဆိုတဲ့ အနီရောင်ဖဲကြိုးကမ်ပိန်း စတင်လာခဲ့ကြပါတယ်။  အဲဒီကနေတစ်ဆင့် ပြည်သူတွေအတွက် အခက်အခဲအကျပ်အတည်း မျိုးစုံကြုံစေဖို့ CDM ပြုလုပ်ကြဖို့ တိုက်တွန်းလာကြတာ ဖြစ်ပါတယ်။


ည ၈ နာရီ မှာ ပုံမှန်တင်ဆက်နေတဲ့ နိုင်ငံတော်ရဲ့ 
သတင်းအချက်အလက်တွေကို သတိမထားမိစေဖို့ ရည်ရွယ်
အစိုးရရဲ့ ဥပဒေအရ ဆောင်ရွက်ချက်တွေအပေါ် ဆန့်ကျင်ရုံမျှမက နိုင်ငံ့ဝန်ထမ်းတွေ     အလုပ်မဆင်းနိုင်အောင်    အမျိုးမျိုးသွေးထိုး လှုံ့ဆော်ပြီး အစိုးရယန္တရားကြီးတစ်ခုလုံး ရပ်တန့်သွားအောင် ကြံစည် လာကြတာဖြစ်ပါတယ်။ ပြည်သူအပေါ်ကို သတင်းအချက်အလက် အမှန်တွေ မရရှိအောင် ည ၈ နာရီ သံပုံးတီးကြဖို့ တိုက်တွန်းမှုတွေ ဟိုကဒီက ပေါ်လာကြတယ်။  ရည်ရွယ်ချက်ကတော့  ည  ၈  နာရီမှာ  ပုံမှန်တင်ဆက်နေတဲ့ နိုင်ငံတော်ရဲ့ သတင်းအချက်အလက်တွေကို သတိမထားမိစေဖို့  ရည်ရွယ်ကြတယ်ဆိုတာကို  ပြည်သူလူထုကတော့ သိဟန်မတူပါဘူး။


သံပုံးတီးခြင်း၊    အစိုးရဝန်ထမ်းတွေ    ရုံးမတက်ခြင်းအပြင်     တစ်ဆင့်တက်ပြီး    ပြည်သူလူထုကို     လမ်းပေါ်ရောက်အောင် တွန်းပို့ခဲ့ကြသူတွေက အခုအချိန်မှာ မမြင်ရတဲ့ အမှောင်ပလက် ဖောင်း   တစ်ခုကနေ   ဝမ်းသာနေလောက်ကြပါပြီ။  ပြည်သူတွေနဲ့ အနာဂတ်တိုင်းပြည်ရဲ့     လူငယ်လေးတွေဟာ     နေ့စဉ်ရက်ဆက်  မြို့နယ်အသီးသီး၊    လမ်းမအသီးသီးမှာ    ဆန္ဒထုတ်ဖော်ကြတယ်။ 


ငြိမ်းချမ်းစွာ  ဆန္ဒထုတ်ဖော်နေကြတဲ့   လူငယ်တွေ၊   ပြည်သူတွေကို   တွေ့မြင်လာတဲ့အခါ    သွေးထိုးမြှောက်ပင့်ပေးသူတွေက     အဆင့် တက်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ပြည်သူ တွေ ထိခိုက်ဒဏ်ရာရအောင်၊ အကြမ်းဖက်မှုအသွင်ဖြစ်အောင် ပြည်သူ တွေကို အမျိုးမျိုးသွေးထိုး မြှောက်ပင့်ကြပါတော့တယ်။


နိုင်ငံ့ဝန်ထမ်းအသီးသီးကို လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ကြဖို့ 
အကြိမ်ကြိမ်အထပ်ထပ် အသိပေးပြောဆို  
တစ်ဖက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပုဒ်မ ၁၄၄  ထုတ်ပြန်ပြီး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းပေးနေခဲ့ပါတယ်။ ဒါ့အပြင်    ပြည်သူသို့   အသိပေးချက်တွေ၊   ပန်ကြားချက်တွေကို ဆက်တိုက်ထုတ်ပြန်ပေးနေခဲ့ပါတယ်။ အဖျက်အမှောင့်ပြုလုပ်နေတဲ့ မသမာသူအချို့  သွေးထိုးတဲ့  နိုင်ငံ့ဝန်ထမ်းတွေကို  လစာမပေးနိုင် တော့တာလိုမျိုး အခြေအမြစ်မရှိအမျိုးမျိုးကို စိုးရိမ်ကြောင့်ကြမှုမရှိ စေဖို့ အသိပေးချက်တွေ ထုတ်ပြန်တာ၊ ကောလာဟလသတင်းတွေကို  ရှင်းလင်းပေးတာအပြင် ဆရာဝန်၊ အင်ဂျင်နီယာနဲ့ ဆရာ၊ ဆရာမ တွေအပါအဝင် နိုင်ငံ့ဝန်ထမ်းအသီးသီးကို လုပ်ငန်းခွင်ပြန်လည်  ဝင်ရောက်ကြဖို့ အကြိမ်ကြိမ်အထပ်ထပ် အသိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊  လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်ရှိကြပေမယ့် ထိုလွတ်လပ်မှုဟာ သူတစ်ပါးကို ထိပါးစေတာမျိုး ပြုလုပ်လို့ မရပါဘူး။ မိမိနဲ့ သဘောထား အယူအဆ မတူညီတဲ့အခါမှာလည်း ကွဲလွဲခွင့်ပေးရတာရှိပါတယ်။ မတားဆီးသင့်၊ မထိပါးသင့်ဘူးဆိုတာကို ပြည်သူကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပါ တယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူလူထု ဘေးကင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို နှောင့်ယှက်တားဆီး ဖျက်ဆီး တဲ့ ကျူးလွန်မှုတွေကို    ထိထိရောက်ရောက်     ဟန့်တားပါတော့မယ်။ ဥပဒေတွေအရ အရေးယူဆောင်ရွက်သွားပါတော့ မယ်ဆိုပြီး ဖေဖော် ဝါရီ  ၈  ရက်နေ့ကတည်းက  ပြည်သူကို မေတ္တာရပ်ခံထားခဲ့ပြီးဖြစ် တာကိုလည်း မြင်တွေ့ရပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မည်သို့ပင် အသိပေးတာ၊  ပန်ကြားတာနဲ့     မေတ္တာရပ်ခံတာတွေကို   ပြုလုပ်ခဲ့ပေမယ့်လည်း၊ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ပေမယ့် လည်း   အဖျက်အမှောင့်လုပ်ဆောင်သူတွေဟာ   ရပ်တန့်မသွားဘဲ     ရှေ့ဆက်တိုးဆောင်ရွက်ချက်တွေ  ပြုလုပ်ခဲ့တာဟာ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ဆောင်ရွက်ခဲ့တာတွေ ဖြစ်ပါတယ်။         


(ဆက်လက်ဖော်ပြပါမည်)