ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၆ ဦး တွေ့ရှိ

 

(၈ - ၆ - ၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည်    ကိုဗစ်-၁၉   သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ  စစ်ဆေးခြင်း   ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၇-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ  (၈-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၀၁၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၆) ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု  ရာခိုင်နှုန်းမှာ (၁.၂) ရာခိုင်နှုန်းရှိသည်။ 
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၇၁၁,၆၃၉) ခုအား စစ်ဆေးခဲ့ပြီး  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၉,၄၇၅) ဦး ရှိပြီဖြစ်သည်။
ဓာတ်ခွဲအတည်ပြုလူနာများအား  နေအိမ်တွင် သီးခြားထားရှိ ခြင်းနှင့်      ဆေးရုံများတွင်    သီးခြားထားရှိကုသမှုပေးခြင်းများ  ဆောင်ရွက်ခဲ့ရာ ယနေ့တွင်  ပြန်လည်ကောင်းမွန်လာသူ (၃၅) ဦး ရှိသဖြင့်   ယနေ့အထိ    ပြန်လည်ကောင်းမွန်လာသူ   စုစုပေါင်း (၆၁၈,၃၉၈) ဦး  ရှိပြီဖြစ်သည်။    ယနေ့တွင်   ကိုဗစ်-၁၉   ရောဂါ ဖြင့်   သေဆုံးသူ   မရှိသဖြင့်   ယနေ့အထိ   သေဆုံးသူစုစုပေါင်း  (၁၉,၄၉၄) ဦး ရှိသည်။
ကိုဗစ်-၁၉   ရောဂါဆိုင်ရာ   သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏   အင်တာနက်စာမျက်နှာ   moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။  

 

ကျန်းမာရေးဝန်ကြီးဌာန