ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း ပြည်တွင်းအခွန်များဦးစီးမှူးရုံး (၃)လွှာရှိ အခွန်ဌာနတွင် အကြမ်းဖက်ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် Brave Eagle အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၁၀ 
၂၀၂၃ ခုနှစ် ဇွန် ၅ ရက်  ၁၂:၀၅ နာရီတွင် ကျောက်တံတားမြို့နယ် အမှတ်(၄)ရပ်ကွက်  ပန်းဆိုးတန်း လမ်း ပြည်တွင်းအခွန်များ  ဦးစီး မှူးရုံး    (၃)လွှာရှိ  ကုမ္ပဏီများ ဆိုင်ရာအခွန်ဌာန၊  အများပြည်သူ များ    ထိုင်ရန်ပြုလုပ်ထားသည့် စတီးထိုင်ခုံများဘေးမှ  ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး      အခွန်ဌာနမှ ဝန်ထမ်းငါးဦးနှင့် ပြည်သူတစ်ဦး တို့တွင် (မစိုးရိမ်ရ)ဒဏ်ရာများရရှိ ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အထက်ပါ       ဖြစ်စဉ်နှင့် ပတ်သက်၍   လုံခြုံရေးတပ်ဖွဲ့ဝင် များက တရားခံများအား  ဖမ်းဆီး ရမိရေးအတွက်    မြေပြင်သတင်း ဖော်ထုတ်မှုများအရ     တရားခံ သည် ဇွန်လ ၅ ရက် နေ့လယ်ပိုင်း တွင် ပန်းဆိုးတန်းလမ်းပေါ်မှ  အခွန် ဦးစီးမှူးရုံးသို့      နီ/ညိုရောင် လက်ဆွဲအိတ်နှင့် စက္ကူဖိုင်တစ်ခု တို့ကို ကိုင်ဆောင်ကာ ဝင်ရောက်  လာခဲ့ပြီး    ပေါက်ကွဲမှုဖြစ်ပွားခဲ့ သည့် တတိယထပ်ရှိ စတီးထိုင်ခုံ၌ ၂ မိနစ်ခန့်ထိုင်၍ လက်ဆွဲအိတ် အား  ထိုင်ခုံဘေးတွင်ချထားကာ အဝေးမှ   ရီမုဖြင့်    ဖောက်ခွဲခဲ့ ကြောင်း သိရှိရသည်။
သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက          ဖြစ်စဉ်ဖြစ်ပွားရာ နေရာ   ဝန်းကျင်တွင် စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်၍   အကြမ်း ဖက်သမားများအား       ရှာဖွေ ဖော်ထုတ်      ဖမ်းဆီးခြင်းများကို နေ့/ညမပြတ်    အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရား မျှတမှုကိုလိုလားပြီး အကြမ်းဖက် မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်း ပေးပို့ချက်များ နှင့် မြေပြင်သတင်းစုံစမ်းရရှိချက် များအရ ဇွန်လ ၇ ရက် နံနက်ပိုင်း တွင်  ရီမုမိုင်း ဖောက်ခွဲခဲ့သည့် တရားခံသည်   ကြည့်မြင်တိုင်မြို့ နယ်     အုန်းပင်လမ်းနှင့်   ဗိုလ်သူရ လမ်းပေါ်ရှိ တိုက်အမှတ်(၂၇)၊ (၂)လွှာ၊    အခန်း(B)တွင် နေထိုင် ကြောင်းသိရှိရသဖြင့်  လုံခြုံရေး ပူးပေါင်းအဖွဲ့က     သွားရောက် ဖမ်းဆီးခဲ့ရာ တရားခံမှာထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး    တိုက်ခန်း အတွင်း လက်ပစ်ဗုံး  လေးလုံး၊ လက်လုပ်ဗုံး တစ်လုံး၊ တရားခံ အသုံးပြုခဲ့သည့် အင်္ကျီနှင့် ပုဆိုး တို့ကို သိမ်းဆည်းရမိခဲ့သည်။
တရားခံသည်       အဆိုပါ တိုက်ခန်းအား    အိမ်ခြံမြေပွဲစား မှတစ်ဆင့် ၂၀၂၃  ခုနှစ်   ဧပြီလမှ ဇူလိုင်အထိ    တစ်လလျှင်   ကျပ် နှစ်သိန်းခွဲဖြင့်     ငှားရမ်းနေထိုင်ခဲ့ ကြောင်း  သိရှိရသဖြင့်  လုံခြုံရေး ပူးပေါင်းအဖွဲ့က   ဇွန်လ ၈ ရက် ညနေပိုင်းတွင် ငှားရမ်းနေထိုင်သူ  အောင်မြင်သူ(ခ) အောင်လှိုင်ဝင်း အား ၎င်းနေထိုင်သည့် စမ်းချောင်း မြို့နယ်      မြေနီကုန်းတောင် ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အောင်မြင် သူ(ခ)အောင်လှိုင်ဝင်း  ၏ ထွက်ဆို ချက်အရ ယင်းနေ့ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက်ရှိ အောင်သပြေ(၃)ဟိုတယ်၊   အခန်း အမှတ်(၂၁၇)တွင် ပြည်တွင်းအခွန် များဦးစီးမှူးရုံး၌   ရီမုမိုင်းထောင် ဖောက်ခွဲခဲ့သည့် တရားခံ အောင်မြင့် မြတ်(ခ)    ပြည့်ဖြိုးအောင်   (ခ) Mood နှင့်    ဓနနောင်ဝင်း   (ခ) ရှိုင်းထက်ကိုကို   (ခ) Roke တို့ နှစ်ဦးအား    ထပ်မံဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိတရားခံ အောင်မြင် သူ(ခ)အောင်လှိုင်ဝင်း ၏ ထွက်ဆို ချက်အရ ယင်းနေ့ ညပိုင်းတွင် လှိုင်မြို့နယ် (၃)ရပ်ကွက် တိုက် အမှတ်(၁၀) အခန်း(၇)၌ တရားခံ ကျော်စည်သူ(ခ)Jack     အား ဖမ်းဆီးရမိခဲ့ပြီး ကျော်စည်သူ(ခ)Jack ၏ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် ညနေပိုင်းတွင် ဒေါပုံမြို့နယ်  သင်္ဘောကျင်း(၈)လမ်း   အထက်၊ တိုက်အမှတ်(၇၂)၊ အခန်းအမှတ် (3A)တွင်    အကြမ်းဖက်လုပ်ငန်း များတွင်ပါဝင်သော      တရားခံ အောင်ခန့်ပိုင်(ခ)ဝီလီယံ    အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင်    လက်လုပ်မိုင်း ဖောက်ခွဲခဲ့သည့် တရားခံ ကျား ငါးဦးနှင့်အတူ       လက်ပစ်ဗုံး လေးလုံး၊ လက်လုပ်ဗုံး တစ်လုံးတို့ ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ     တရားခံ အောင်မြင်သူ(ခ) အောင်လှိုင်ဝင်းသည်  ၂၀၂၂   ခုနှစ်   ဇွန်လ    ဒုတိယ ပတ်တွင် Dark Shadow  အမည်ခံ  အကြမ်းဖက်    အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်း သူ(ခ)ပန်ဒါ   က    အကြမ်းဖက် လုပ်ငန်းများ     လုပ်ဆောင်ရန် အတွက်  STF  အဖွဲ့က ဖမ်းဆီးရန် ကျန် တရားခံ  နွေနွေ၊ ယသော် တို့နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း၊ ၎င်းတို့မှ     ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ    လုပ် ဆောင်ရန်လိုအပ်သည့် လက်နက်/  ခဲယမ်းနှင့်ငွေကြေးများ ထောက်ပံ့ ပေးခဲ့ကြောင်း    ဖော်ထုတ်သိရှိ ရသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လ   ပထမ ပတ်တွင် ဖမ်းဆီးရန်ကျန် တရားခံ နွေနွေ ၏   ခိုင်းစေမှုဖြင့်   ရန်ကုန် မြို့အတွင်း  အကြမ်းဖက်လုပ်ငန်း များ ဆောင်ရွက်ရန် Brave Eagle အမည်ခံ   အကြမ်းဖက်အဖွဲ့အား အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း ခေါင်းဆောင်၍ ကျော်စည်သူ(ခ)Jack ၊  ဓနနောင်ဝင်း(ခ) ရှိုင်းထက် ကိုကို (ခ)Roke ၊ အောင်မြင့်မြတ် (ခ)    ပြည့်ဖြိုးအောင်(ခ)Mood၊ အောင်ခန့်ပိုင်(ခ) ဝီလီယံ တို့အပါ အဝင် အဖွဲ့ဝင်ကိုးဦးဖြင့်   ဖွဲ့စည်း ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ  Brave Eagle အမည်ခံ အကြမ်းဖက်အဖွဲ့အနေ ဖြင့်     ရန်ကုန်မြို့နယ်အတွင်း၌ အကြမ်းဖက်ဖောက်ခွဲမှု   (၇) ကြိမ်  ဆောင်ရွက်ခဲ့ကြောင်း-
၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက် တွင် ဖမ်းဆီးရန်ကျန်တရားခံ နွေနွေ ၏ စေခိုင်းမှုဖြင့် အောင်မြင်သူ(ခ)အောင်လှိုင်ဝင်း က  အလုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ် မိုင်းဖြင့်         ဖောက်ခွဲရာတွင် အောင်မြင့်မြတ်    (ခ) ပြည့်ဖြိုး အောင်  (ခ)Mood နှင့်  ဓနနောင် ဝင်း (ခ) ရှိုင်းထက်ကိုကို(ခ) Roke တို့က    အခြေအနေကြည့်ရှုပေး ခဲ့ကြောင်း။
ဇူလိုင်လ ၁၂ ရက်တွင် ဖမ်းဆီး ရန်ကျန်တရားခံ နွေနွေ ၏ စေခိုင်း မှုဖြင့် ကျော်စည်သူ(ခ)Jack က စမ်းချောင်းမြို့နယ်    မြေနီကုန်း မီးပွိုင့်၊     ယာဉ်ထိန်းရဲရုံးအနီး ရီမုမိုင်းဖြင့်    ဖောက်ခွဲရာတွင် အောင်မြင်သူ (ခ) အောင်လှိုင်ဝင်း၊ အောင်မြင့်မြတ်    (ခ)ပြည့်ဖြိုး အောင် (ခ)Mood နှင့် ဓနနောင် ဝင်း(ခ) ရှိုင်းထက်ကိုကို(ခ)Roke  တို့က  အခြေအနေ   ကြည့်ရှုပေးခဲ့ ကြောင်း။ 
ဇူလိုင်လ ၁၅ ရက်တွင် ဖမ်းဆီး ရန်ကျန်တရားခံ  ချမ်းငြိမ်းသူ(ခ)ပန်ဒါ ၏ စေခိုင်းမှုဖြင့် အောင်မြင် သူ(ခ)    အောင်လှိုင်ဝင်း   နှင့် ကျော်စည်သူ (ခ)Jack တို့ နှစ်ဦး သည်      စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်   ဗဟို လမ်းရှိ စမ်းချောင်းမြို့နယ် တရား ရုံးအား        လက်လုပ်မိုင်းဖြင့်  ဖောက်ခွဲရာတွင် အောင်မြင့်မြတ် (ခ)ပြည့်ဖြိုးအောင်    (ခ)Mood ၊ ဓနနောင်ဝင်း  (ခ)    ရှိုင်းထက် ကိုကို(ခ)Roke နှင့် အောင်ခန့်ပိုင် (ခ) ဝီလီယံ  တို့က အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
ဩဂုတ် ၂၁ ရက်တွင် ဖမ်းဆီး ရန်ကျန်တရားခံ     ချမ်းငြိမ်းသူ (ခ) ပန်ဒါ    ၏   စေခိုင်းမှုဖြင့် ကျော်စည်သူ   (ခ)  Jack သည် တောင်ဥက္ကလာပမြို့နယ်  မြို့နယ် လျှပ်စစ်ရုံးအား      မိုင်းထောင် ဖောက်ခွဲရာတွင် အောင်မြင်သူ(ခ) အောင်လှိုင်ဝင်း  က အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀    ရက်တွင်      ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ(ခ)ပန်ဒါ  ၏ စေခိုင်း မှုဖြင့် အောင်မြင်သူ(ခ)အောင်လှိုင် ဝင်း သည်    ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာနရုံး    ယာဉ် ရပ်နားသည့်နေရာအား လက်လုပ် မိုင်း၊    လက်ပစ်ဗုံးဖြင့်   ပစ်ခတ် ဖောက်ခွဲရာတွင် အောင်မြင့်မြတ် (ခ) ပြည့်ဖြိုးအောင်  (ခ) Mood၊ ဓနနောင်ဝင်း(ခ) ရှိုင်းထက်ကိုကို (ခ) Roke၊ ကျော်စည်သူ (ခ)Jack နှင့်    အောင်ခန့်ပိုင်(ခ) ဝီလီယံ  တို့က အခြေအနေ ကြည့်ရှုပေးခဲ့ ကြောင်း။
ဧပြီလ ၉ ရက်တွင်  ဖမ်းဆီးရန် ကျန်တရားခံ နွေနွေ ၏ စေခိုင်းမှု ဖြင့် အောင်မြင့်မြတ်(ခ) ပြည့်ဖြိုး အောင်(ခ) Mood   သည်   ဒဂုံ မြို့နယ်        ပြည်သူ့ရင်ပြင်ဝင်း အတွင်း၌    လက်လုပ်မိုင်းဖြင့် ဖောက်ခွဲရာတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက တွေ့ရှိခဲ့သည့်အတွက် သိမ်းဆည်းသွားခဲ့ကြောင်း။
ဇွန်လ ၅ ရက်တွင် ဖမ်းဆီးရန် ကျန်တရားခံ နွေနွေ ၏ စေခိုင်းမှု ဖြင့် အောင်မြင့်မြတ်(ခ)ပြည့်ဖြိုး အောင် (ခ)Mood သည် ကျောက် တံတားမြို့နယ်    (၄)ရပ်ကွက် ပန်းဆိုးတန်းလမ်း   ပြည်တွင်း အခွန်များ ဦးစီးမှူးရုံး၏ အပေါ် ထပ်(၃)လွှာ  ကုမ္ပဏီများဆိုင်ရာ အခွန်ဌာန    အများပြည်သူများ ထိုင်ရန်ပြုလုပ်ထားသည့်   စတီး ထိုင်ခုံများဘေးတွင် ရီမုမိုင်းချထား ခဲ့ပြီး  ကျော်စည်သူ (ခ)Jack က အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲ ရာတွင်      အောင်မြင်သူ(ခ) အောင်လှိုင်ဝင်း၊ ဓနနောင်ဝင်း (ခ)ရှိုင်းထက်ကိုကို     (ခ) Roke၊ အောင်ခန့်ပိုင် (ခ)ဝီလီယံ တို့က အခြေအနေ       ကြည့်ရှုပေးခဲ့ ကြောင်း။
ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ   ၂၀၂၂   ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ဖမ်းဆီးရမိ တရားခံ အောင်မြင် သူ(ခ)   အောင်လှိုင်ဝင်း  သည် ဖမ်းဆီးရန်ကျန် တရားခံ ချမ်းငြိမ်း သူ(ခ)ပန်ဒါ ၏ ချိတ်ဆက်ပေးမှုဖြင့် ဖမ်းဆီးရန်ကျန် တရားခံပြေး NLD ပါတီဝင်ဟောင်း မျိုးရန်နောင်သိမ်း ထံမှ ရန်ကုန်မြို့အတွင်း အကြမ်း ဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်    လက်နက်ဝယ်ယူရန် ငွေကျပ်    သိန်း ၅၀  အားရရှိခဲ့ ကြောင်း၊  ၎င်းငွေများအား ပစ္စတို သေနတ်ဝယ်ယူရန်  ချမ်းငြိမ်းသူ (ခ) ပန်ဒါ   ထံသို့    ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ   မိုင်းထောင် ဖောက်ခွဲမှုများ ဆောင်ရွက်ရာတွင် ဖမ်းဆီးရန်ကျန်တရားခံ   နွေနွေ နှင့် ချမ်းငြိမ်းသူ(ခ)ပန်ဒါ တို့ နှစ်ဦး က  ငွေကြေးထောက်ပံ့ပေးလျက် ရှိပြီး    လက်လုပ်မိုင်းဖောက်ခွဲမှု တစ်ကြိမ်လျှင်   ဖောက်ခွဲသူအား ငွေကျပ်     တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊     အခြေအနေ ကြည့်ရှုပေးသူအား ငွေကျပ်   သုံး သောင်းနှုန်းဖြင့်    လည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
Brave   Eagle   အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်   ဇွန်လအတွင်း   ဗဟန်း မြို့နယ်   Mytel  တာဝါတိုင်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီရုံးအား     မိုင်းထောင် ဖောက်ခွဲရန်   စီစဉ်ထားရှိကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံ များအား  ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား  ပြည်သူတစ်ရပ်လုံးက  ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့     ပုန်းခိုရာနေရာများ၊ လှုပ်ရှား      သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့    လျှို့ဝှက်စွာ    သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ  လျှို့ဝှက်၍  ဆုငွေ များ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက်    ပြည်သူ တစ်ရပ်လုံးပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း သိရသည်။
သတင်းစဉ်