
နေပြည်တော် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၆၈၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇွန် ၆ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ဈေးအနီးတွင် သတင်းရရှိထားသူ ငြိမ်းချမ်းအောင်(ခ)တူးတူး (အပေါ်ပုံ)ကို ရေခဲဖော့ပုံးနှင့်အတူ တွေ့ရှိ သဖြင့် ရှာဖွေစစ်ဆေးရာ ဖော့ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မှော်ဘီမြို့နယ် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံရှိ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် စိုင်းဇော်မင်းဦး (ခ) ကိုစိုင်း ၏ အဆောက်အအုံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၃ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၈၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း သိမ်းဆည်း ရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်