
နေပြည်တော် ဇွန် ၁၆ ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက် ညနေပိုင်း တွင် လယ်ဝေးမြို့မရဲစခန်းအား (စိစစ်ဆဲ)ကျား နှစ်ဦးက လက်ပစ် ဗုံးဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ယင်းနေ့ ညပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ဉာဏ အောင်မြေလမ်း၊ MICC-II ဂိတ်(၂)ဝင်ပေါက်အား (စိစစ်ဆဲ)ကျား သုံး ဦးတို့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
သို့ဖြစ်၍ အထက်ပါဖြစ်စဉ် များနှင့်ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ နေ့/ည မပြတ် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရားမျှတမှုကို လိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်း ပေးပို့ချက်များ နှင့် မြေပြင်သတင်း စုံစမ်းရရှိချက် များအရ ဇွန် ၁၃ ရက် နံနက်ပိုင်း တွင် လယ်ဝေးမြို့မ ရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားသည့် တရားခံ သက်နိုင်နှင့် အငှားယာဉ် မောင်း ရန်နိုင်ထွန်း တို့အား ပျဉ်းမနားမြို့နယ် အာဟာရသုခ ဈေးအနီးရှိ “ရွက်သစ်” လက်ဖက် ရည်ဆိုင်၌ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ သည်။
ထို့ပြင် ဖမ်းဆီးရမိတရားခံ သက်နိုင်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် တရားခံ ရဲနိုင်နှင့် အငှားယာဉ် မောင်း အိုင်ဖော့(ခ)ရန်နိုင်ဦး တို့ အား လိပ်သိုမြို့အဝင် စစ်ဆေးရေး ဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ လေးဦး တို့အား ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုကြောင့် ရာဇဝတ်ဘေး ပြေးမလွတ်ဆိုသည့်အတိုင်း ဖြစ်စဉ် ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သက်နိုင်နှင့် ရဲနိုင်တို့သည် နေပြည်တော် ကောင်စီနယ်မြေ အတွင်း ကြုံရာကျပန်း လုပ်ကိုင် နေသူများဖြစ်ပြီး တရားခံပြေး ရှမ်းလေး၏ ချိတ်ဆက်ပေးမှုဖြင့် စစ်တောင်းမြို့ပြ ပြောက်ကျား အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်း ဆောင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်းနှင့် ရင်းနှီးခဲ့ ကြောင်း၊ တရားခံပြေး ဇင်ယော် (ခ) ငှက်ဖြူ (ခ) နေလင်းမှ နေပြည်တော် ကောင်စီနယ်မြေ အတွင်း အကြမ်းဖက်လုပ်ငန်း များ လုပ်ဆောင်ရန်အတွက် ကူညီပါဝင်ဆောင်ရွက်ပေးရန်နှင့် ငွေကြေး ထောက်ပံ့ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့သဖြင့် ၎င်းတို့ နှစ်ဦးမှ ငွေကြေးရယူလိုမှုဖြင့် သဘောတူ လက်ခံခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ် ဇွန် ၁၀ ရက်တွင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း မှ MICC-II နှင့် လယ်ဝေးမြို့မ ရဲစခန်းတို့ကို ပစ်ခတ်ဖောက်ခွဲ ရန် လက်ပစ်ဗုံး နှစ်လုံးအားပေးခဲ့ သဖြင့် သက်နိုင်၊ ရဲနိုင်နှင့် တရားခံ ပြေး အသေးလေးတို့မှ ကယား ပြည်နယ် ပဆေးလာကျေးရွာသို့ သွားရောက် ယူဆောင်ခဲ့ကြောင်း၊ ၎င်းနောက် ဇွန် ၁၁ ရက်တွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ် ဗုံးဖြင့် ပစ်ခတ်ရန် သက်နိုင်၊ ရဲနိုင် နှင့် တရားခံပြေး အသေးလေး တို့ က နှစ်ကြိမ် သွားရောက်၍ အခြေ အနေကြည့်ရှုခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇွန် ၁၂ ရက် ညနေပိုင်းတွင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း ၏ စေခိုင်းမှုဖြင့် သက်နိုင်၊ ရဲနိုင် နှင့် တရားခံပြေး အသေးလေး တို့ သုံးဦးသည် လက်ပစ်ဗုံး နှစ်လုံး အား ယူဆောင်၍ ဆိုင်ကယ် နှစ်စီး ဖြင့် လယ်ဝေးမြို့မ ရဲစခန်းသို့ ပစ်ခတ်ဖောက်ခွဲရန် သွားရောက်ခဲ့ ပြီး တရားခံပြေး အသေးလေးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေ အနေအားစောင့်ကြည့်၍ သက်နိုင် နှင့် ရဲနိုင်တို့ နှစ်ဦးက လယ်ဝေး မြို့မရဲစခန်းအား လက်ပစ်ဗုံးတစ် လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
အလားတူ ယင်းနေ့ညပိုင်း တွင် သက်နိုင်၊ ရဲနိုင်နှင့် တရားခံ ပြေး အသေးလေးတို့ သုံးဦးသည် ဆိုင်ကယ် နှစ်စီးဖြင့် MICC-II သို့ သွားရောက်ခဲ့ပြီး ရဲနိုင် က အခြေ အနေ ကြည့်ရှုပေးကာ တရားခံ ပြေး အသေးလေးနှင့် သက်နိုင် တို့ နှစ်ဦးမှ MICC-II ဂိတ်(၂) ဝင်ပေါက် အား လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါ အကြမ်းဖက် ဖောက်ခွဲမှုများ အတွက် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်းက တစ်ဦးလျှင် ငွေကျပ် သုံးသိန်း ထောက်ပံ့ပေးခဲ့ သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် များသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း အကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေး ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေ ဖမ်းဆီးမှုများ လုပ်ဆောင်နေမှု ကြောင့် မနေရဲတော့ဘဲ ကယား ပြည်နယ်အတွင်းသို့ ထွက်ပြေး တိမ်းရှောင်ရန် လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိ ပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရ သည်။ သတင်းစဉ်