တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်    ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး    ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး    ဆောင်ရွက်လျက်ရှိရာ
ဇွန် ၁၇ ရက်တွင်  နေပြည်တော် ကောင်စီနယ်မြေ      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်  လယ်ဝေး မြို့နယ်     သစ်တောဦးစီးဌာန      ဦးဆောင်သော     ပူးပေါင်းအဖွဲ့က လယ်ဝေးမြို့နယ်အတွင်း စစ်ဆေး မှုများ   ဆောင်ရွက်ခဲ့ရာ    တရား မဝင်သစ်သံသေခွဲသား   ၅  ဒသမ ၂၉၀  တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၃၁၄) ကို   ဖမ်းဆီးရမိခဲ့ပြီး    သစ်တောဥပဒေနှင့်အညီ   အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်  ဇွန်   ၁၈   ရက်တွင် မွန်ပြည်နယ်     တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူး အဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ     ပူးပေါင်း   စစ်ဆေးရေးအဖွဲ့က     သံလွင်တံတား  (မော်လမြိုင်)  ၌ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော် ယာဉ်တစ်စီးအား    မော်လမြိုင် မြို့နယ်  အကောက်ခွန်ဦးစီးဌာန မှူးရုံးသို့ ပို့ဆောင်ပြီး အသေးစိတ် စစ်ဆေးမှုများ     ဆောင်ရွက်ခဲ့ ရာ   တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lactasoy ဘူး ၉၀၀၀ အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုး         ငွေကျပ် ၆၄၇၀၀၀၀)  နှင့်   အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Mazda Tian တစ်စီး   (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၁၅၀၀၀၀၀၀)    စုစု ပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထပ်မံ၍ အကောက်ခွန်ဦးစီး ဌာန၏    စီမံခန့်ခွဲမှုဖြင့်   မန္တလေး အပြည်ပြည်ဆိုင်ရာ    လေဆိပ် လေဆိပ်(သွင်းကုန်)၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က  စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဝန်စည်များ အတွင်းမှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက် များဖြင့်        ပြုလုပ်ထားသော ငွေထည်ဟုယူဆရသည့် ဘယက် လည်ဆွဲ     အခု     ၂၀   အပါအဝင် လက်ဝတ်ရတနာ ငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၆၁၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်   အညီ အရေးယူ     ဆောင်ရွက်လျက်ရှိ သည်။
ထပ်မံ၍   ဇွန်   ၂၀  ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး
အဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်   ခရိုင် သစ်တောဦးစီးဌာန   ဦးဆောင် သော ပူးပေါင်းအဖွဲ့က ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်အတွင်း စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ  တရားမဝင် သစ် ၅ ဒသမ ၄၅၅ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၁၈၅၀)   ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိပါသည်။
သို့ဖြစ်ပါ၍  ဇွန်လ ၁၇ ရက်၊ ၁၈    ရက်နှင့်   ၂၀   ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ငါးမှု   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၈၃၂၁၆၄)      ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ    သိရ သည်။
သတင်းစဉ်