Type

အင်တာဗျူး - မြင့်မိုရ်
CDM (Civil Disobedience Movement) လှုပ်ရှားမှု၊ ဆူပူအကြမ်းဖက် မှု အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ် ဦးဆောင်သူ များ၏လုပ်ရပ်များသည် ယခုအခါ ပြည်သူအများ လိုလားတောင့်တ သော ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင်နေပြီး အဖျက်အမှောင့်လုပ်ရပ် များကိုသာ ဦးတည်နေသည်။ CDM လှုပ်ရှားမှုသည် တိုင်းပြည် အေးချမ်းတည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံရေးအမြတ် ထုတ်ကာ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား မက်လုံးပေး သွေးထိုး ပေးနေခြင်းဖြစ်သည်။ ယခုအခါ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူအများ သွားလာနေသော လမ်းမများပေါ်တွင် ပိတ်ပင်တားဆီး မှုများ လုပ်ဆောင်နေခြင်း၊ ရုံးတက်နေသော ဝန်ထမ်းအများစုနှင့် ပြည်သူများအား အနှောင့်အယှက်ပေးနေခြင်း စသည့်အဖျက်အမှောင့် လုပ်ရပ်များနှင့် ပတ်သက်၍ လတ်တလော ကြုံတွေ့ခံစားနေရသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို ပြန်လည်မျှဝေရေးသား ဖော်ပြ လိုက်ပါသည်။
နိုင်ငံရေးအမြတ်ထုတ်နေတဲ့သူ
“ကျွန်တော်က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ထောင်ထားတာ သုံးလေးနှစ်ရှိပါပြီ။ ကိုဗစ်- ၁၉ ကပ်ရောဂါနဲ့ CDM လှုပ်ရှားမှု ဆက်သွား တော့ လောလောဆယ်အထိ လုပ်ငန်းတွေက ရပ်ထားရတယ်။ လုပ်ငန်း ရှင်တွေအနေနဲ့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေမှ လုပ်ငန်းတွေလုပ်ရ တာ ပိုအဆင်ပြေတယ်။ တိုင်းပြည် အခုလိုဆူပူလှုပ်ရှားမှုတွေ ရက်ရှည် ဖြစ်နေတာ မကောင်းဘူး။ အဲဒီအပေါ် အဓိကထိခိုက်တာက အခြေခံ လူတန်းစားပဲ။ ဒီCDM လှုပ်ရှားမှုမှာ အများဆုံးပါနေတာကလည်း ဝန်ထမ်းတွေမဟုတ်ဘူး။ အခြေခံလူတန်းစားထဲက လူငယ်တွေများ တယ်။ အလယ်အလတ်နဲ့ ပိုက်ဆံရှိတဲ့ အသိုင်းအဝန်းက ဒီလိုလမ်းတွေ ပေါ်ထွက်ပြီး အဓိပ္ပာယ်မဲ့တာတွေမလုပ်ဘူး။ လုပ်တဲ့သူရှိတောင် အတော်လေးကို နည်းပါတယ်။ ဒါတွေကို လမ်းပေါ်ထွက် အော်ဟစ်ပြီး အဖျက်အမှောင့်လုပ်ငန်းတွေကို တွန်းအားပေးနေတဲ့ နိုင်ငံရေးအမြတ် ထုတ်သူတွေ အသိဆုံးပဲ။
“ပြီးတော့ မြန်မာနိုင်ငံရဲ့ လုပ်ငန်းအများစုက ပုဂ္ဂလိကဘဏ်တွေ ကို အားထားပြီး လုပ်ငန်းလည်ပတ်ကြတာများတယ်။ အခုဆို CDM လှုပ်ရှားမှုနဲ့အတူ ဘဏ်တွေ ပိတ်ထားတာ တစ်လကျော်နေပြီ။ ဒီတိုင်း သာ ဆက်သွားနေရင် အခုလ ကျွန်တော့်လုပ်ငန်းခွင် အလုပ်သမား/ ဝန်ထမ်းတွေကို ဘယ်လိုတောင် လစာပေးရမလဲ မသိသေးဘူး။ ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ လခစားဝန်ထမ်းရော နေ့စားဝန်ထမ်း တွေပါ ခန့်ထားရတယ်။ အခုလည်း ဒီပုဂ္ဂလိကဘဏ်တွေ ပိတ်ထားတာ နဲ့ပတ်သက်ပြီး ပြည်သူတွေအကြားမှာ အတော်လေး ဂယက်ရိုက်နေ ကြပြီ။ ငွေကြေးလည်ပတ်စီးဆင်းမှုက အတော်လေးကို အားပျော့နေ တာ။ နောက်ဆို လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရဘဏ်တွေမှာတောင် ငွေကိုပြောင်းထားရမလို ဖြစ်နေပြီ”ဟု ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမောင်မောင် (အမည်လွှဲ)က CDM လှုပ်ရှားမှုနဲ့ပတ်သက်ပြီး လတ်တလော ကြုံတွေ့နေမှုများကို ရင်ဖွင့် ခဲ့သည်။
နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုကြောင့် ပုဂ္ဂလိကဘဏ်များမှာ ပြီးခဲ့သော ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ ငွေသွင်း၊ ငွေထုတ်နှင့် ငွေလွှဲမှုလုပ်ငန်းစဉ်များအပါဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ယာယီရပ်နားထားခဲ့သည်။ ဘဏ်လုပ်ငန်းဝန်ဆောင်မှုအနေဖြင့် ATM စက်များတွင်လည်း ငွေထုတ်ယူရာ၌ အခက်အခဲဖြစ်နေ၍ ယခုအခါ ပြည်သူများအကြား ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်ရေးကို အထူး လိုလားတောင့်တလျက်ရှိကြောင်း လုပ်ငန်းရှင် ပြည်သူအများစုထံမှ ကြားသိရသည်။
မြွေပါလည်းဆုံး၊ သားလည်းဆုံး
CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သော ဝန်ကြီးဌာနတစ်ခုမှ အကြီးတန်း စာရေးတာဝန်ထမ်းဆောင်နေသူ မလွင်လွင်အေး (အမည်လွှဲ)ကလည်း “ကျွန်မ CDM လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၅ ရက်က စတင်ပါဝင်ခဲ့ တာပါ။ လှုပ်ရှားမှုမှာ မပါဝင်ခင်ကတော့ သူငယ်ချင်းတွေက အခုပဲ ဘယ်အဖွဲ့အစည်း၊ ဘယ်သူက ဘယ်လိုတွေ ထောက်ပံ့ကူညီတော့မယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောကြလို့ အဟုတ်ထင်ပြီး ဝင်ပါ မိလိုက်တာ အခုတော့ မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်ရတယ်။ ရုံးကလည်း လတစ်ဝက်ထိပဲ ရုံးတက်တော့ လစာက တစ်ဝက်ပဲရလိုက် တယ်။ သူငယ်ချင်းတွေပြောတဲ့ ဘယ်အဖွဲ့အစည်းက ဘယ်လောက် ထောက်ပံ့မယ်၊ ဘယ်လိုထောက်ပံ့မယ်ဆိုတာတွေကလည်း တကယ် တော့ အခုချိန်အထိ ရေရေရာရာ ဘာတစ်ခုမှမရှိဘူး။
“တကယ်တော့ CDM လှုပ်ရှားမှုထဲ ပါဝင်လိုက်မိတာ ကျွန်မ အကြီးအကျယ် နောင်တရမိတယ်။ CDM လုပ်မယ်ပြောတော့ ဆရာ (ဌာနမှူး)က အကြိမ်ကြိမ်တားသေးတယ်။ သေချာစဉ်းစားဖို့လည်း အကြိမ်ကြိမ်ပြောခဲ့တယ်။ တကယ်တော့ သူငယ်ချင်းတွေပြောတာကို လွယ်လွယ်နဲ့ မယုံကြည်သင့်ဘူး။ အခုတော့ လတ်တလောဝင်ငွေမရှိ အလုပ်လက်မဲ့ဖြစ်နေရပြီ။ ရုံးကိုဒီအချိန်မှ ပြန်ဆက်သွယ်ရင်လည်း အရှက်ရဦးမယ်။ တကယ်တော့ ဘယ်သူမပြု၊ မိမိမှုပါပဲ။ ဖေဖေ ကတော့ ပြောပါသေးတယ်။ သမီးဘွဲ့ရပညာတတ်ပဲ၊ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တဲ့။ တကယ်တော့ အခုလိုလမ်းလွဲခဲ့တာက ဖေ့စ်ဘွတ်ပေါ်က ခိုင်မာမှုမရှိတဲ့ သတင်းတွေကို ယုံကြည်ခဲ့တာလည်း ပါပါတယ်။ ကျွန်မရဲ့ဘဝမှာ CDM လှုပ်ရှားမှုက အကြီးမားဆုံးရလိုက်တဲ့ သင်ခန်းစာပဲ။ အခုတော့ အပြင်အလုပ်သစ်တစ်ခု မဖြစ်မနေပြန်ရှာရတော့မယ်”ဟု CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုနှင့်ပတ်သက်၍ သံဝေဂစကားသံများ ဖွင့်ဟ ခဲ့သည်။
ယခုအခါ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးအမှောင့်ပယောဂ သမားများကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများရော မပါဝင်ဘဲ ရုံးတက်အလုပ်ဆင်းနေသူများပါ သောကကိုယ်စီ ကြုံတွေ့နေရသည်။ ဤသည်မှာ အာဏာနိုင်ငံရေး၏ ဂယက်များဖြစ်ပြီး အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းပြုနေသော နိုင်ငံ့ဝန်ထမ်းများသို့ ကူးစက် ရိုက်ခတ်ခြင်းပင် ဖြစ်သည်။
ပါတီနိုင်ငံရေး ကင်းရှင်းရမယ်
“အဒေါ့်အသက်က ငယ်ရွယ်တော့တဲ့ အရွယ်လည်းမဟုတ်တော့ ဘူးလေ။ ပင်စင်ယူဖို့ သုံးနှစ်ပဲ ကျန်တော့တယ်။ ဒီအသက်အရွယ်ရောက်မှ CDM လှုပ်ရှားမှုထဲ ပါဝင်ဖို့စိတ်ကူးမရှိပါဘူး။ တကယ်တော့ နိုင်ငံရေးဂယက်ရိုက်ခတ်မှုဖြစ်တာနဲ့ ဝန်ထမ်းတွေနဲ့က မဆိုင်ဘူးလို့လည်း မြင်တယ်။ နိုင်ငံ့ဝန်ထမ်း ဥပဒေမှာရော၊ နည်းဥပဒေမှာပါ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ပါတယ်လေ။ အဒေါ်တို့က ဘယ်အစိုးရတက်တက် နိုင်ငံ့ဝန်ထမ်းဟာ ဝန်ထမ်းပါပဲ။ တက်လာတဲ့ အစိုးရအဖွဲ့တွေက ငါးနှစ် တစ်ကြိမ် တာဝန်ယူကြရတဲ့ သူတွေလေ၊ အဒေါ်တို့က နိုင်ငံတော်က အသက် ၆၀ ပြည့်သည်အထိ တာဝန်ပေးထားတဲ့ နိုင်ငံဝန်ထမ်းတွေ၊ ဝန်ထမ်းအများစုက အဲဒါတွေသိဖို့လိုတယ်။
“ပြီးတော့ အဒေါ့်မိသားစုက ဒီရန်ကုန်မှာ နေစရာမရှိဘူး။ လတ်တလော နိုင်ငံတော်အစိုးရပေးထားတဲ့ ဝန်ထမ်းအိမ်ရာမှာ နေနေ ရတာ။ ရန်ကုန်မှာက ငှားနေရရင်လည်း မလွယ်ကူဘူးလေ။ မိသားစုနဲ့ ဆိုတော့ ပိုဆိုးတာပေါ့။ ပတ်ဝန်းကျင်ကတော့ ရုံးတက်လို့ အမျိုးမျိုး ဝေဖန်ကြတယ်။ အဒေါ်ကတော့ သူတို့တွေကို ရန်လည်းမလုပ်သလို ဗွေလည်းမယူဘူး။ လူတိုင်းမှာ ကိုယ်ယုံကြည်ချက် ကိုယ်စီရှိသလို ကိုယ့်တောင်းနဲ့ ကိုယ့်ဆန် ကိုယ့်အခြေအနေ ကိုယ်အသိဆုံးပဲလေ။ အဲဒါတွေကို သူတို့ဘယ်သိနိုင်မှာလဲ။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲနဲ့ အတ္တကြီးနေ ကြတာကို နိုင်ငံရေးလို့ သူတို့က ယူဆနေကြတာလေ။ အဒေါ့်ဘဝမှာ အေးအေးချမ်းချမ်းနဲ့ပဲ ဝန်ထမ်းဘဝကနေ အနားယူဖို့ စိတ်ကူး ထားတယ်။ ဘာနိုင်ငံရေးမှ စိတ်မဝင်စားသလို ဘာ CDM လှုပ်ရှား မှုမှလည်း ပါဝင်ဖို့ စိတ်ကူးမရှိပါဘူး” ဟု ဌာနဆိုင်ရာတစ်ခုတွင် ဦးစီးမှူး တာဝန်ထမ်းဆောင်နေသော ဒေါ်မြင့်သူဇာ (အမည်လွှဲ) က ပြောသည်။
ယခုအခါ နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုမှ ဆင့်ပွားလာသော အဖျက်အမှောင့်လုပ်ရပ်များသည် ပြည်သူများ လိုလားတောင့်တနေ သော ဒီမိုကရေစီလမ်းကြောင်းနှင့် ဆန့်ကျင်ဘက်လားရာသို့ ဦးတည် ဖြစ်နေသည်။ အထူးသဖြင့် လူဦးရေထူထပ်ပြီး စီးပွားရေးအချက်အချာ ကျသော ပြည်ပရင်းနှီးမြှုပ်နှံမှု များပြားသည့် ရန်ကုန်မြို့ကြီး၏ လမ်းမ များပေါ်တွင် လုပ်ဆောင်နေသော အဖျက်အမှောင့် လုပ်ရပ်များသည် ပြည်သူများအကြား ကြီးမားသော ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်လျက် ရှိကြောင်း ပြည်သူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါ ကြောင်း။ ။
- Log in to post comments