
နေပြည်တော် ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပေါက်ကုန်းကျေးရွာရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဇွန် ၁၉ ရက် တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ် ပေါက်ကုန်း ကျေးရွာအတွင်းသို့ ဇွန် ၁၉ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား အင်အား ၅၀ ခန့်က ကျေးရွာ၏ အရှေ့တောင် ဘက်မှ ရွာအတွင်းသို့ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်များ အား အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ အဆိုပါ PDF အမည်ခံ အကြမ်းဖက် သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ အတွင်းရှိ လူနေအိမ် ခုနစ်လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များအား အကြောင်းမဲ့ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ် များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်