လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်    ၂၄  


လွိုင်လင်မြို့နယ်တွင်   ငွေကျပ် သိန်း ၃၀၀၀ တန်ဖိုးရှိ   စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သိန်း  ဖမ်းဆီး ရမိခဲ့သည်။

 


မူးယစ်ဆေးဝါး     တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇွန်    ၂၁ ရက်    ညနေ   ၃ နာရီ တွင်  လွိုင်လင်မြို့နယ်   လွိုင်လင်-တောင်ကြီးသွား      ကားလမ်း ဟိုတင့်     ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးဘက်သို့ အိုက်ဆန်    မောင်းနှင်လာသည့် Super Custom မော်တော်ယာဉ် ကို သတင်းအရရှာဖွေရာ  ယာဉ် ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀၀ တန်ဖိုးရှိ   စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို   ကွန်ဟိန်းမြို့နယ်   ကာလိမြို့မှ   ဟိုပုံးမြို့သို့    သယ်ဆောင်ခြင်း    ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ   အရေးယူထားရှိပြီး    ကွင်းဆက်    ပြစ်မှုကျူးလွန်သူ များကို     ဆက်လက်စစ်ဆေး    ဖော်ထုတ်လျက်ရှိကြောင်း   သိရ သည်။                   

သတင်းစဉ်