တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ တိရစ္ဆာန်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၂၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး         ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး      ဆောင်ရွက်လျက်ရှိရာ
ဇွန် ၂၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှု ဖြင့်    မြို့နယ်သစ်တောဦးစီးဌာန   ဦးဆောင်သော ပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့  အမှတ်  (၇)  ချီပါစုရပ်ကွက်၌   ပိုင်ရှင်မဲ့ တရားမဝင် သစ်မျိုးစုံ    ၅  ဒသမ  ၉၁၄   တန် ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၈၇၂၂၀ ကို    ဖမ်းဆီးရမိခဲ့ပြီး    သစ်တောဥပဒေနှင့်အညီ   အရေးယူဆောင်ရွက်လျက် ရှိသည်။


ထပ်မံ၍   ဇွန်  ၂၄   ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ     ပူးပေါင်းအဖွဲ့က ကျွန်းစုမြို့နယ်     ကတန်ဘိနယ် ကယားကျွန်း    အနောက်မြောက် ဘက်၌ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တရားမဝင်သစ်  ၈  ဒသမ ၅၇၂ တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၅၉၂၀)    ကိုလည်းကောင်း၊ အလျား ၄၆ ပေ၊ အနံ ၁၃ ပေ  ၉ လက်မ၊ စောက် ၆ ပေရှိ စက်လှေ တစ်စင်းနှင့် ဆက်စပ်ပစ္စည်းတန်ဖိုး ငွေ ၁၃၅၀၀၀၀ ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၅၉၂၀  ကို    ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ  အရေး ယူဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးမှုများဆောင်ရွက်
ထို့အပြင် ဇွန် ၂၅ ရက်တွင် ကရင်ပြည်နယ်        တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က      ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ   မြဝတီမြို့မှ   ရန်ကုန်မြို့သို့ မောင်းနှင်လာသည့်    မော်တော် ယာဉ်      နှစ်စီးပေါ်မှ    တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်    Empty Plastic Drum အခု ၁၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)  ကို လည်းကောင်း၊ Paiqiu အားကစား ဖိနပ်အရန်  ၄၃၀   (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၃၄၄၀၀၀၀ )   ကိုလည်း ကောင်း၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၄၀၀၀၀ ကို ဖမ်းဆီးရ မိခဲ့ပြီး    အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 
ဖမ်းဆီးအရေးယူ
ထို့အတူ   ဇွန်  ၂၅  ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူး
အဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့များက     စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဆိပ်ဖြူမြို့ နယ် အနော်ရထာတံတားစစ်ဆေး ရေးဂိတ်၌ မော်တော်ယာဉ်တစ်စီး နှင့်   သုံးဘီးယာဉ်  တစ်စီးပေါ်မှ တရားဝင်         စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်  နွားထီးခြောက်ကောင် နှင့်  နွားမနှစ်ကောင်   (ခန့်မှန်း တန်ဖိုးငွေကျပ်    ၅၆၅၀၀၀၀)၊ အဆိုပါနွားများ  တင်ဆောင်လာ သည့်  DONG FANG   သုံးဘီးယာဉ် တစ်စီး     (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၀၀၀၀၀၀) နှင့် Isuzu မော်တော် ယာဉ်  တစ်စီး    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၅၀၀၀၀၀)၊ လိုင်စင်မဲ့ Kenbo 110 မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀ တို့ကို    အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ    လည်း ကောင်း၊ မင်းတုန်းမြို့နယ်  မင်း တုန်း - မြောက်ပြင် ဆက်သွယ်ရေး လမ်းအနီး၌ တရားမဝင် ကျွန်းသစ် ၂ ဒသမ ၀၂၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၄၆၅၂) ကို သစ်တော ဥပဒေအရလည်းကောင်း      စုစု ပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၆၃၄၆၅၂ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဇွန် ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူး အဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်      ခရိုင် သစ်တောဦးစီးဌာန     ဦးဆောင် သော  ပူးပေါင်းအဖွဲ့များက   ပဲခူး ခရိုင်၊ တောင်ငူခရိုင်နှင့် သာယာ ဝတီခရိုင်များအတွင်း  စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ် ၆၂ ဒသမ ၁၅၄ တန်၊ သစ်မာ ၅၄ ဒသမ ၉၀၁ တန်နှင့် အခြားသစ်    ၉   ဒသမ  ၀၅၅၂ တန်      (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၂၂၇၄၀၄ ) ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
၎င်းအပြင် ဇွန် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏     စီမံ ခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်း အဖွဲ့က    မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌    စစ်ဆေးမှု များ  ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်း ကုန်ကြေညာလွှာတွင်  ကြေညာ ထားခြင်းမရှိသည့်    Essence Washing Liquid  ၅၂၀၀ကီလို ဂရမ်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၈၈၀၀)  နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်      Hino Profia Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ     (ခန့်မှန်း တန်ဖိုးငွေကျပ်    ၄၅၀၀၀၀၀၀)  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၂၅၈၈၀၀   ကို    ဖမ်းဆီးရမိခဲ့ ပြီး       အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ     အရေးယူ    ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင်   ဖမ်းဆီး ရမိမှု   စုစုပေါင်းမှာ   အမှုတွဲ  ၁၀ မှု၊       ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၈၃၉၉၆ ဖြစ်ကြောင်း တရား မဝင်    ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။    
သတင်းစဉ်