အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာအနီး ခိုအောင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ချေမှုန်း၊ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

 

နေပြည်တော်    ဇွန်     ၂၉
NUG၊ CRPH တို့၏ ဆက်သွယ် ညွှန်ကြားမှုဖြင့်     စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း            နယ်မြေ တည်ငြိမ်အေးချမ်းမှုကို  ပျက်ပြား စေရန်အတွက်   အဖျက်အမှောင့် လုပ်ငန်းမျိုးစုံကို လုပ်ဆောင်လျက် ရှိသည့် PDF အမည်ခံ အကြမ်းဖက် သမားများသည် စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာ၊       ဥယျာဉ် ကျေးရွာ၊ လက်ပံတောကျေးရွာနှင့် စဉ့်ကိုင်ကျေးရွာများအနီး ရောက်ရှိ ခိုအောင်းနေကြောင်း အကြမ်းဖက် လုပ်ဆောင်မှုများကို  လက်ခံနိုင် ခြင်းမရှိသည့် ဒေသခံပြည်သူအချို့ ၏  လျှို့ဝှက်ဆက်သွယ်   သတင်း ပေးပို့ချက်များအရ        လုံခြုံရေး တပ်ဖွဲ့ဝင်များက      သွားရောက် တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန် ၂၅ ရက် တွင် PDF အမည်ခံ အကြမ်းဖက် သမားများထံမှ    လက်နက်မျိုးစုံ ၄၂    လက်နှင့်    ခဲယမ်း၊     ဗုံးသီး ဆက်စပ်ပစ္စည်းများကို     လည်း ကောင်း၊ ဇွန် ၂၈ ရက် နံနက်ပိုင်း တွင် လက်နက်မျိုးစုံ ၁၂ လက်နှင့်  ခဲယမ်း၊   ဗုံးသီးဆက်စပ်ပစ္စည်း  များကိုလည်းကောင်း သိမ်းဆည်း ရရှိခဲ့သည်။
သိမ်းဆည်းရမိ
အထက်ပါ     ဖြစ်စဉ်များမှ ဆုတ်ခွာ     ထွက်ပြေးသွားခဲ့သော အကြမ်းဖက်သမား     အချို့သည် အခြားအကြမ်းဖက် အဖွဲ့များနှင့် ပူးပေါင်းကာ စမွန်းကျေးရွာအနီး  ရောက်ရှိ    ခိုအောင်းနေကြောင်း အကြမ်းဖက်လုပ်ရပ်များကို ရွံရှာ စက်ဆုပ်မုန်းတီးပြီး PDF အမည်ခံ  အကြမ်းဖက်သမားများ၏ လုပ်ရပ် များအား လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏    ထပ်မံ သတင်းပေးပို့ချက်များအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်  အစောပိုင်းတွင် အဆိုပါကျေးရွာသို့ သွားရောက်၍ လုံခြုံရေးလုပ်ငန်း များ  စနစ်တကျ   ဆောင်ရွက်စဉ်  ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ VAN နှင့် CANDA အမျိုးအစား      မော်တော်ယာဉ် နှစ်စီးပေါ်မှ ၁၀၇ မမ ရှော့တိုက် ဒုံးသီး ငါးလုံးအပါအဝင် လက်နက် မျိုးစုံ   ၃၉  လက်၊   ကျည်မျိုးစုံ အတောင့် ၅၉၀၊ ခဲယမ်း၊ ဗုံးသီး မျိုးစုံ ၃၀၄ လုံး၊  ဆက်စပ်ပစ္စည်း များနှင့်  အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
ဝိုင်းဝန်းပူးပေါင်း 
ဆောင်ရွက်ပေး
ဖြစ်စဉ်တွင်    သိမ်းဆည်းရမိ လက်နက်များနှင့် ဆက်စပ်ပစ္စည်း များအား   လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အကြမ်း ဖက်အဖွဲ့များအနေဖြင့်    အဆိုပါ လက်နက်များကို    ကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျခြင်း၊  နိုင်ငံ့ဝန်ထမ်းများ နှင့်      အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင်      မထင်သလို သတ်ဖြတ်ခြင်းများ   ဆောင်ရွက် လျက်ရှိရာ       ရပ်ရွာတည်ငြိမ် အေးချမ်းရေးအတွက်  လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ    ပြည်သူ တစ်ရပ်လုံး     ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် သတင်း ထုတ်ပြန်ထားသည်။ 
 သတင်းစဉ်