ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ တရားမဝင် သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းနှင့်အခြားဓာတုပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇူလိုင်    ၁၃


ရှမ်းပြည်နယ်(တောင်ပိုင်း)   လွိုင်လင်မြို့၌ တရားမဝင်သယ်ဆောင်လာသည့်  ငွေကျပ် သိန်း    ၅၀၀၀ ကျော်တန်ဖိုးရှိ   ထိန်းချုပ် ဓာတုပစ္စည်းနှင့်    အခြားဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၂၉ ရက်  နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)    လွိုင်လင်မြို့ အဝင်တိုးဂိတ်တွင်  တောင်ကြီးမှ  လွိုင်လင် ဘက်သို့      ဝေယံမြင့်သူ(ခ)မောင်မောင် မောင်းနှင်ပြီး အောင်မင်းသူ(ခ)အောင်ငဲလေး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်၊ ငြိမ်းထိုက်စံ  မောင်းနှင်ပြီး သီဟကိုကို လိုက်ပါလာသော ၂၂ ဘီး တွဲယာဉ်၊ ဇင်ဝင်းထွေးမောင်းနှင်ပြီး လင်းထက်ဇော် လိုက်ပါလာသည့် ၂၂ ဘီး တွဲယာဉ်နှင့် အေးမင်းအောင် မောင်းနှင်ပြီး အာကာဦး လိုက်ပါလာသော ၂၂ ဘီးတွဲယာဉ် တို့ကို သတင်းအရရှာဖွေရာ အဆိုပါတွဲယာဉ် လေးစီးဖြင့် တရားမဝင် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်  သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ    ထိန်းချုပ်ဓာတုပစ္စည်း Hydrochloric    Acid    ၂၂၀၄၀    လီတာ၊ Sulphuric Acid ၁၂၀၀၀ လီတာနှင့် အခြား ဓာတုပစ္စည်း  Dichloromethane  Acid ၂၆၇၂၀  လီတာ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ချက်အရ     ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုပစ္စည်းများ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူ   စစ်ငြိမ်းထွန်းနှင့်   ရဲလင်းထက်  တို့ကို လွိုင်လင်မြို့အထွက်တွင်  TOYOTA ALPHARD ယာဉ်နှင့် လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင်   မင်းမင်းသက်နိုင်(ခ)ကိုမင်း၊ ရဲထွန်းသိန်း(ခ)ထွန်းထွန်းနှင့် နေမျိုးလင်း(ခ)ကိုလတ် တို့ကို နမ့်စန်မြို့ ရပ်ကွက်(၄)တွင် TOYOTA WISH ယာဉ်နှင့်လည်းကောင်း၊ ည ၁၀ နာရီခွဲတွင် မျိုးခင် ကို ပုဇွန်တောင်မြို့နယ် (၂)ရပ်ကွက်  နေကြာလမ်းရှိ ၎င်း၏နေအိမ် တွင်လည်းကောင်း    အသီးသီးဆက်လက် ဖမ်းဆီးရမိခဲ့ပြီး   သိမ်းဆည်းရမိ   ထိန်းချုပ် ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများ ကို ရန်ကုန်မှ   နမ့်စန်သို့   သယ်ဆောင်၍ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ကြောင်း သိရသဖြင့်  ၎င်းတို့ ၁၄ ဦးကို  ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေး   ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။      

သတင်းစဉ်