
နေပြည်တော် ဇူလိုင် ၁၃
တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၁ ရက်တွင် မန္တလေးတိုင်းဒေသ ကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Watermelon/ Pineapple အလုံး ၉၅၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yar Zar Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို လည်းကောင်း၊ ပြင်ဦးလွင်မြို့မှ မန္တလေး မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျွန်းခွဲသားဆိုဒ်စုံ ၀ ဒသမ ၈၅၂ တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၃၇၂၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Kia Bongo Pick Up တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀)ကိုလည်းကောင်း၊ မန္တလေး-လားရှိုးကားလမ်း၊ မိုင်တိုင်အမှတ် (၂၁)မိုင် သုံးဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးအား စိစစ်၍ မန္တလေးမြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူးရုံးသို့ ပို့ဆောင်ခဲ့ပြီး အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာတွင် ဖော်ပြထားခြင်းမရှိသည့် ဓာတ်ဘူး ၂၄၇၂ ဘူး အပါအဝင် ကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၇၁၀၃၈၇)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသော Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲ ယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ သွင်းကုန် ကြေညာလွှာတွင် ဖော်ပြထားသည်ထက် ပိုမိုပါရှိလာသည့် Iron Round Pipe ၁၀၀၀၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ၁၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၇၅၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Cheng Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆၄၂၂၅၈၇ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၁၁ ရက်တွင် ကရင် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ် မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် IYA Iya Polyurethane Foam Sealant အထုပ် ၂၄၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၀၀၀၀) နှင့် Kashiwa Multi Function Cooker ၂၈ ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၄၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဇူလိုင် ၁၁ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ငါးစီး ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသည့် Packing Material Plastic Film ၂၅၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Cheng Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကို လည်း ကောင်း၊ Glossy Paper Sheet 200 GSM ကီလိုဂရမ် ၄၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Isuzu Giga Tractor Head တစ်စီး နှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀)ကို လည်းကောင်း၊ Paper Roll ၇၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)ကို လည်းကောင်း၊ Solar Bulb အလုံး ၇၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကိုလည်းကောင်း၊ Brand New Packing Material Plastic Film ၃၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၅၀၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Scania Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၆၀၇၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ဇူလိုင် ၁၁ ရက်တွင် တာဝန်ကျ ပူးပေါင်းအဖွဲ့က ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်နှစ်စီးအား စိစစ်၍ ပဲခူးမြို့နယ်အကောက်ခွန်ဦးစီးဌာန မှူးရုံးသို့ ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Nestle Milo ထုပ် ၆၀ အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇၀၀၀၀)၊ Rice Stick ၄၀၀ ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Caravan တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀)ကိုလည်းကောင်း၊ Palm Coconut Gel Syrup ၂၇၅၂ ထုပ် အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၂၀၀၀၀)၊ Ding Fong Drinks ဘူး ၉၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရ လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းအဖွဲ့က ပြည်ခရိုင် ပေါက်ခေါင်း မြို့နယ်အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၀၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၈၄၈၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅၃၈၄၈၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၂၄၇၆၀၆၇)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်