CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအတွက် ဘာတွေဖြည့်ဆည်းပေးကြလဲတော့ မသိဘူး။ အားလုံးကတော့ နောင်တကိုယ်စီ အသီးသီးရနေကြပြီ

Type
အင်တာဗျူး - မြင့်မိုရ် ရန်ကုန် မတ် ၁၂ CDM ( Civil Disobedience Movement) လှုပ်ရှားမှု ၊ ဆူပူအကြမ်းဖက်မှု အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ် ဦးဆောင်သူ များ၏ လုပ်ရပ်များသည် ဝန်ထမ်းထုများသာမက ယခုအခါပြည်သူ များအကြား အထူးသဖြင့် (အခြေခံလူတန်းစားများအကြား) ပါ အလုပ်အကိုင်အခွင့်အလမ်းမှအစ စားဝတ်နေရေး ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။ ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင်နေပြီး အဖျက်အမှောင့် လုပ်ရပ် များကိုသာ ဦးတည်နေသော CDM လှုပ်ရှားမှုသည် တိုင်းပြည်အေးချမ်း တည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံ့ဝန်ထမ်းများအား မက်လုံး ပေး သွေးထိုးပေးနေခြင်းလုပ်ရပ်များကြောင့် နိုင်ငံတစ်ဝန်း ဝန်ထမ်း အများစုမှာ အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာဖွယ် ရှိနေသည်။ ယခု အခါ CDM လှုပ်ရှားမှုတည်ငြိမ်စပြုလာသည်နှင့်အမျှ ဝန်ထမ်းအများစု နှင့် ပြည်သူများအကြား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းမှ နောက်ဆက်တွဲ ဖြစ်ပေါ်ကြုံတွေ့နေမှု အခက်အခဲများနှင့် ပတ်သက်၍ ပြန်လည်မျှဝေ ရေးသား ဖော်ပြလိုက်ပါသည်။ စိတ်မှာဒဏ်ရာ အနာတရတွေ စွဲကျန်ရစ်နေ “ ဆရာမက အေးအေးချမ်းပဲ စာသင်ချင်တာ။ ခုဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါရော၊ CDM လှုပ်ရှားမှုပါ ဆက်သွားတော့ ကလေးတွေ ပညာ သင်နှစ် တစ်နှစ် နစ်နာခဲ့ရတယ်။ ကျောင်းတွေ အရေးပေါ် ပိတ်ခဲ့တာ ကာလအားဖြင့် တိတိကျကျပြောရရင် တစ်နှစ်ကျော်တောင်ရှိနေပြီ။ တစ်နှစ်လုံးလုံး ကျောင်းစာတွေနဲ့ ကင်းကွာသွားတော့ တချို့ကလေး တွေဆို ကျောင်းစာတွေရော စိတ်ဝင်စားမှုရှိသေးရဲ့လား မသိဘူး။ တကယ်တော့ အခုလတ်တလော ဖြစ်ပေါ်နေတဲ့ CDM လှုပ်ရှားမှုမှာက ပညာသင်ကြားနေရတဲ့ လူငယ်အရွယ်တွေ အများကြီးပါနေတာကို တွေ့ရတယ်။ တကယ်တော့ အခုလိုတွေ ပါနေတာဟာ မိဘတွေအနေနဲ့ လည်း အလိုမလိုက်သင့်ဘူး။ CDM လှုပ်ရှားမှုမှာ ပါဝင်လို့ ဘာမှမဖြစ် ရင်တော့ထား၊ တစ်ခုခုဖြစ်ပြီဆိုရင် အရင်ဆုံးရင်နာရမှာက မိဘတွေပဲ။ ဆရာမအမြင်ပြောရရင်တော့ နောက်ဆုံး ဒီ CDM လှုပ်ရှားမှုမှာ ထိခိုက် ပွန်းပဲ့မှု တစ်စုံတစ်ရာမဖြစ်ခဲ့ရင်တောင် အနည်းဆုံးတော့ အဲဒီကလေးက ကျောင်းစာစိတ်ဝင်စားမှု နည်းသွားတာတို့၊ အချိန်မတိုင်မီ နိုင်ငံရေးဘက် စိတ်ဝင်စားသွားတာတို့၊ ပြောရရင် ကလေးတွေရဲ့ စိတ်မှာဒဏ်ရာ အနာတရတွေ စွဲကျန်ရစ်နေမှာပဲ။ အဲဒီအချက်တွေကို အုပ်ထိန်းသူ မိဘတွေအနေနဲ့ အထူးဂရုပြုဖို့ လိုတယ်။ ဘဝလမ်းကြောင်းလွဲချော်မှု ဖြစ်သွားနိုင် “ဆရာမအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကလေးတွေ အခုလို နိုင်ငံရေးမှာ ပါဝင်နေတာဟာ တိုင်းပြည်လည်းနစ်နာသလို၊ ကလေးတွေ ရဲ့ အနာဂတ်ပညာရေးဟာလည်း အစောကပြောသလို ကောင်းတဲ့ဘက် ကို ဦးတည်မသွားဘဲ ဘဝလမ်းကြောင်းလွဲချော်မှု ဖြစ်သွားနိုင်တယ်။ တကယ်‌တော့ CDM လှုပ်ရှားမှုက ဝန်ထမ်းတွေ ရုံးမတက်၊ အလုပ်မလုပ် ကြဖို့ ဦးတည်ပေမယ့် နိုင်ငံရေးအကြောင်း ဘာမှမသိသေးတဲ့ ကျောင်း နေအရွယ်ကလေးတွေ ပါဝင်လာကြတာဟာ နိုင်ငံရေးအပေါ် အမြတ် ထုတ် လှုံ့ဆော်သူများရဲ့ ရည်ရွယ်ချက်ဆိုတာ ပေါ်လွင်နေတာပဲ။ အခု နောက်ပိုင်း ကျောင်းတွေမှာတောင် ကလေးတွေ အများစုက ဖုန်းတွေ ကိုယ်စီနဲ့ အွန်လိုင်းသုံး၊ ဂိမ်းဆော့နေကြလို့ ဆရာ၊ ဆရာမတွေ မနိုင်ကြ ရတဲ့အထဲ အခုလိုနိုင်ငံရေးပိုးသူတို့စိတ်ထဲ ကိန်းအောင်းသွားမယ်ဆိုရင် သူတို့ရဲ့ အနာဂတ်က ဘယ်လိုမှ လှပစရာအကြောင်း မရှိတော့ဘူး။ ဆရာမကတော့ ဒီCDM လှုပ်ရှားမှုကိုအကြောင်းပြုတဲ့ နိုင်ငံရေးဆူပူ လှုံ့ဆော်မှုတွေကို အမြန်ဆုံးရပ်စေချင်ပြီ။ ပညာဆက်လက်သင်ကြား ရမယ့် ကလေးတွေကိုလည်း ဆက်ပြီးတော့ မပါဝင်စေချင်တော့ဘူး” ဟု CDM လှုပ်ရှားမှုတွင် ကျောင်းသားအရွယ်လူငယ်များ ပါဝင်နေမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ အခြေခံပညာအထက်တန်းကျောင်းဆရာမဒေါ်တင်နွဲ့ရီ(အမည်လွှဲ)က သူမ၏အမြင်ကို ပြောသည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှု များကို အကြောင်းပြုသော နိုင်ငံရေးဆူပူမှုများတွင် မြို့အသီးသီးလမ်းမ များပေါ်၌ ပညာသင်ကြားနေသော ကျောင်းနေအရွယ် လူငယ်များ ပါဝင်နေကြသည်။ ယင်းသို့ ပါဝင်နေခြင်းသည် နိုင်ငံရေးပယောဂ အမြတ်ထုတ် ဦးဆောင်သူများ အနာဂတ်မျိုးဆက်သစ်များအတွက် ဆိုသည့်လေပြေသွေးကာ ရှေ့သို့မတက်တက်အောင် လှုံ့ဆော်မှုများ ကြောင့် အနာဂတ်မျိုးဆက်သစ်တချို့ အကြောင်းကံမသင့်ဘဲ ကြွေလွင့် ခဲ့ကြရသည်များကို တွေ့မြင်နေရသည်။ နောင်တကိုယ်စီ အသီးသီးရ ရန်ကုန်မြို့ လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမောင်ဝင်းကလည်း CDM လှုပ်ရှားမှုနှင့်ပတ်သက်၍ “ ကျွန်တော်ကတော့ အခုလတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ်မှာ အတော်လေးကို စိတ်ကုန်နေ ပြီ။ အထူးသဖြင့် CDM လှုပ်ရှားမှုကို အကြောင်းပြုပြီး ဝန်ထမ်းတွေ ရန်လုပ်တယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်သွားတဲ့ ဝန်ထမ်းတွေကလည်း ဌာနမှာ ကျန်ခဲ့တဲ့သူတွေကို အကောင်းမမြင်သလို၊ ပြည်သူတချို့ကလည်း အမြင်မကြည်လင်ကြဘူး။ တကယ်တော့ ကျွန်တော်တို့ လျှပ်စစ်ဝန်ထမ်း တွေဆိုတာ ပြည်သူတွေ လျှပ်စစ်မီး ၂၄ နာရီ မီးရရှိရေး အလေးပေးဆောင်ရွက်ပေးနေကြတဲ့သူတွေပါ။ ပြောရရင် ၂၄ နာရီ ပြည်သူ့ ဝန်ဆောင်မှုပေးနေရတဲ့ ဝန်ထမ်းတွေဆိုတာ သူတို့လည်းအသိပဲ။ ရုံး ဝင်ပေါက်မှာဆို အထင်အမြင်လွဲတာတွေ များလွန်းလို့ ကျွန်တော်တို့ လျှပ်စစ်ဝန်ထမ်းတွေက ပြည်သူတွေ ၂၄ နာရီ မီးရရှိရေး ဝန်ဆောင်မှု ပေးနေတယ်၊ ထမ်းဆောင်နေကြရပါတယ်လို့တောင် ဝှိုက်ဘုတ်မှာရေးပြီး ထောင်ထားရတယ်။ ခဏခဏ ရုံးရှေ့ကိုလာပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ လာလာတိုက်တွန်းနှိုးဆော်နေကြလို့ အခုဆိုရင် CDM လှုပ်ရှားမှု မှာ ပါဝင်သွားကြတဲ့ ဝန်ထမ်းတွေအတွက် သူတို့က ဘာတွေဖြည့်ဆည်း ပေးကြလဲတော့ မသိဘူး။ အားလုံးကတော့ နောင်တကိုယ်စီ အသီးသီးရနေကြပြီ။ CDM လှုပ်ရှားမှုနောက်ကွယ် ဖြစ်ရပ်ဆန်းများ “ဟိုတစ်နေ့ကတောင် ဟိုဘက်ရပ်ကွက် အသိအိမ်တစ်အိမ်က သူ့အိမ်မှာ ဝိုင်ယာရှော့ခ်ဖြစ်နေလို့ လာကြည့်ပေးပါဦးဆိုလို့ သွားကြည့် ပေးတာ သူတို့ရပ်ကွက်အဝင်မှာ လူတစ်စုကို တော်တော်လေး ရှင်းပြ လိုက်ရတယ်။ ခုအချိန်မှာ ဘာမဟုတ်တဲ့ကောင်တွေကိုလည်း ဂရုတစိုက် ဆက်ဆံနေရတယ်။ သူတို့က ရပ်ကွက်လုံခြုံရေးအကြောင်းပြပြီး ဘယ်သူမှမခန့်တဲ့ ရာထူးတွေနဲ့။ သူတို့ အနားကပ်လိုက်တော့ အရက် အိုးထဲ ခေါင်းနစ်ခဲ့တဲ့သူလိုပဲ အရက်နံ့က တထောင်းထောင်းနဲ့။ သူတို့ ကိုယ် သူတို့တော့ ရပ်ကွက်ရဲ့ သူရဲကောင်းကြီးတွေပေါ့။ လေးခွတွေ တကားကားနဲ့လေ။ ရပ်ကွက်လမ်းတွေမှာလည်း ဝါးထရံကပ်တွေက အထပ်ထပ်ကာရံထားသေးတယ်။ နိုင်ငံရေးဆူပူအကြမ်းဖက်မှုကို လိုလားတဲ့ သူတချို့ရဲ့ မြှောက်ပေးမှုတွေ ရှိနေတော့ အခုလို လူမျိုးတွေ က CDM လှုပ်ရှားမှုကို အကြောင်းပြုပြီး ရပ်ကွက်တွေအတွင်းမှာ နေရာဝင်ယူနေချင်ကြတာဟာ တော်တော်အရုပ်ဆိုးလွန်းပါတယ်” ဟု CDM လှုပ်ရှားမှုနောက်ကွယ် ဖြစ်ရပ်ဆန်းများကို ရင်ဖွင့်ခဲ့သည်။ ရန်ကုန်မြို့နယ်များအတွင်း ရပ်ကွက်အချို့၌ CDM လှုပ်ရှားမှု အကြောင်းပြုကာ ဆူပူမှုအရှိန်မလျော့ကျရေး နည်းအမျိုးမျိုးဖြင့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိနေသည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူတစ်စုက နိုင်ငံရေးအသိပညာမကြွယ်ဝသူ ပြည်သူအများစု အထူးသဖြင့် လူငယ်မျိုးဆက်သစ်များကို အသွင် သဏ္ဌာန်အမျိုးမျိုးဖြင့် နည်းအဖုံဖုံသုံးကာ မက်လုံးပေး၊ ငွေကြေး ထောက်ပံ့မှုနည်းလမ်းများဖြင့် သွေးထိုးလှုံ့ဆော်မှုကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်ဆဲပင် မြင်တွေ့ကြားသိနေရသည်။ အလုပ်ပြုတ်မဲ့အခြေအနေဖြစ်နေ “ ကျွန်မက နယ်ကနေ ဒီရန်ကုန်ကိုတက်ပြီး အလုပ်လာလုပ်တာ ၁၀ လဝန်းကျင်ရှိပါပြီ။ အထည်ချုပ်မှာပဲ လုပ်တာပါ။ ကိုဗစ်- ၁၉ ကာလ တုန်းကတော့ စက်ရုံက အထည်တွေလာရင် အလှည့်ကျလူခွဲပြီး ကိုဗစ်-၁၉ ကပ်ရောဂါ လမ်းညွှန်ချက်များနဲ့အညီ အလုပ်ကို ကြိုကြားကြိုကြား ဆင်းရပါသေးတယ်။ အခု ဇန်နဝါရီလကုန်ကတည်းက အခုအချိန်အထိ စက်ရုံကလည်းပိတ်လိုက်တာ။ ဒီ CDM လှုပ်ရှားမှုက ကိုဗစ်-၁၉ ကပ် ရောဂါထက်တောင် ဆိုးနေတယ်။ ခုဆို စက်ရုံက ဝန်ထမ်းအချို့လည်း CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး အလုပ်မဝင်ကြတော့ဘူးတဲ့။ စက်ရုံဘက်ကလည်း အဲဒီလိုကြားရော အလုပ်သမားမရှိရင် သူတို့ ကလည်း စက်ရုံပိတ်မယ်လို့ ကြားနေရတယ်။ ကြားထဲက ကျွန်မတို့ CDM လှုပ်ရှားမှုမှာမပါတဲ့ ဝန်ထမ်းတွေက အလုပ်ပြုတ်မယ့်အခြေအနေ ဖြစ်နေတယ်။ စိတ်လည်း အတော်ညစ်နေပြီ။ အလုပ်တွေကသာ အခု နိုင်ငံရေးအခြေအနေကြောင့် ရပ်ထားရပေမယ့် ကုန်ကျစရိတ်တွေက တော့ အရင်လိုပဲ ပုံမှန်လေ။ ရန်ကုန်မှာ CDM လှုပ်ရှားမှုစလို့ အလုပ် စပိတ်ကတည်းက လက်စွပ်သွားပေါင်ထားတဲ့ ငွေလည်းကုန်တဲ့အပြင် သူငယ်ချင်းဆီက ချေးထားတဲ့အကြွေးတွေလည်း တော်တော်များနေ ပြီ။ အေးအေးချမ်းချမ်း ဖြစ်စေချင်ပါပြီ “ ဒီအတိုင်းဆို အလုပ်သစ်တောင် ပြန်ရှာရတော့မယ့်အခြေအနေ။ အခုနောက်ပိုင်း အထည်ချုပ်စက်ရုံတွေကလည်း အရင်လိုမဟုတ်တော့ ဘူး။ အလုပ်ခေါ်တာတွေထက် ဝန်ထမ်းအင်အား လျှော့တာတွေက များနေတာ။ အခု CDM လှုပ်ရှားမှုပြီးရင်တော့ ဘယ်လိုအခြေအနေဖြစ် မလဲ မသိသေးဘူး။ လောလောဆယ်တော့ အိမ်ကို ပိုက်ဆံပြန်မထောက်ပံ့ နိုင်တဲ့အပြင် မိဘတွေဆီကပဲ မှာပြီးသုံးနေရတယ်။ အခုလဆို အဆောင် ကြေးက ပေးရတော့မှာ။ အရင်လက မပေးရတော့ နှစ်လပေါင်းပြီး ပေးရမှာ။ တကယ်တော့ ဒီ CDM လှုပ်ရှားမှုက ကျွန်မတို့လို အောက်ခြေ လူတန်းစားတွေအတွက်တော့ ဘာကောင်းကျိုးမှ မပေးဘူး။ မြန်မြန် ပြီးဆုံးပြီး အေးအေးချမ်းချမ်း ဖြစ်စေချင်ပါပြီ။ အခုလိုတွေဖြစ်နေတာက နောက်ဆုံး ကျွန်မတို့လို ပြည်သူတွေပဲ နစ်နာတာပါ” ဟု ရွှေပြည်သာ စက်မှုဇုန်အထည်ချုပ်စက်ရုံတစ်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်သူ မသူဇာဌေး (အမည်လွှဲ) က CDM လှုပ်ရှားမှု နောက်ကွယ်လုပ်ငန်းခွင်အခြေအနေနှင့်ပတ်သက်၍ ပြောသည်။ ယနေ့ နိုင်ငံတော်အေးချမ်းမှုကို မလိုလားသူတချို့က နိုင်ငံ့ဝန်ထမ်း များအား မက်လုံးအမျိုးမျိုးပေးကာ CDM လှုပ်ရှားမှုတွင် ပါဝင်ပါက ဘယ်လိုတွေအကျိုးခံစားရမည်၊ ဘယ်လိုတွေ ထောက်ပံ့ပေးသွားမည် ဆိုသူများသည် အယုံကြည်လွယ်သူတချို့ကို ယုတ္တိတန်အောင် ပြောဆို စည်းရုံးခြင်းပင်ဖြစ်သည်။ လတ်တလော အမှီအခိုမဲ့နေသော ဝန်ထမ်း အများစုကို ကြည့်ခြင်းအားဖြင့် ထင်သာမြင်သာ တွေ့မြင်နေရသည်။ ယင်းအဖြစ်အပျက်များသည် ပုံပြင်မဟုတ်ဘဲ ကာလတိုအတွင်း မျှော်မှန်းမထားသည့် နိုင်ငံရေးအပြောင်းအလဲ အဖြစ်အပျက်များပင် ဖြစ်၍ နောင်မျိုးဆက်သစ်လူငယ်ဝန်ထမ်းများအနေဖြင့် အတုယူမမှား ကြစေရန် ရေးသားဖော်ပြလိုက်ရပါသည်။